SJ WorldNews - шаблон joomla Авто

မြောက်ဦး ဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်နိုင်ရေး အစီရင်ခံစာ မူကြမ်းတင်သွင်းရန် ဆောင်ရွက်နေ

Friday, 12 July 2019 08:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၁၁

မြန်မာနိုင်ငံ၏  ထင်ရှားသော ခရီးသွားဒေသ တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်  မြောက်ဦးဒေသကို ကမာ့  အမွေအနှစ် စာရင်း ၀င်နိုင်ရေးအတွက်   ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(နေပြည်တော်)မှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလတွင် ကမာ့ အမွေအနှစ် ကော်မတီသို့  မြောက်ဦး ဒေသ၏ အချက်အလက် စာရင်း/ မှတ်တမ်း မူကြမ်းများ တင်သွင်း နိုင်ရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

““ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ကမာ့ အမွေအနှစ် တင်သွင်းနိုင်ဖို့အတွက်    စာရင်း မူကြမ်းကို တင်သွင်းနိုင်အောင်စီစဉ်နေပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလမှာတော့ အချောသပ် သုတေသန စစ်တမ်းနဲ့  မှတ်တမ်းစာတွဲတွေကို ကမာ့ အမွေအနှစ် ကော်မတီကို တင်သွင်းနိုင်ဖို့  လက်ရှိမှာတော့ ဆောင်ရွက် နေပါပြီ””ဟု  ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(နေပြည်တော်)မှ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ရင်သိန်းနွယ်က ပြောသည်။

ကမ်္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခွင့်ပြုပေးသောအဖွဲ့ များမှ  တင်သွင်းလာမည့်အချက်အလက်များကိုလက်ခံပြီး စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်သည်။ သတ်မှတ် ချက်များနှင့်ကိုက်ညီလျှင်   ယူနက်စကိုမှကမာ့ အမွေ အနှစ် စာရင်းဝင်၊ မ၀င် ဆုံးဖြတ်သွားမည်ဖြစ်ပြီးယင်းအတွက် ကြားကာလတွင် လာရောက်စစ်ဆေးမှုကို  ကမာ့ ရှေးဟောင်း သုတေသနအဖွဲ့အစည်းများ၏ စစ်ဆေးမှုများကို ခံယူရမည်ဖြစ်သည်။              

လက်ရှိတွင်အီတလီနှင့် တရုတ်နိုင်ငံတို့သည် မြောက်ဦးဒေသကို အများဆုံး စိတ်ဝင်တစား ရှိနေပြီး အခြားသော အာရှ နှင့် EU နိုင်ငံများလည်း စိတ်ဝင်စားမှုများရှိနေကြောင်း မြောက်ဦးဒေသ ရှေ့ဟောင်း အမွေအနှစ် ချစ်မြတ်နိုး သူများအဖွဲ့မှ သိရသည်။

လက်ရှိ မြောက်ဦးဒေသ ထိန်းသိမ်းစောင့်ရှောက်မှုတွင် အများစုသည် ရှေ့ဟောင်း ဘုရားပုထိုး စေတီများသာ  လူအများ အမြင်ရှိနေ ကြကြောင်း၊ ထို့ပြင် မြောက်ဦးဒေသ၏ ကျော်ကြားမှုတွင် မြို့ကွက် ဖွဲ့စည်းမှုသည်လည်း အထူး အရေးပါနေသည်ကို သတိပြုနိုင်မှု အားနည်းနေကြောင်း သိရသည်။

မြောက်ဦးတစ်မြို့လုံး၏ မြို့ကွက် ဖွဲ့စည်းမှုဖြစ်သော တောင်များကို တံတိုင်းအဖြစ် အသုံးပြုထားမှုများ။ ရှေ့ဟောင်း တံတိုင်းရှေ့ဟောင်းနံရံ များကျူံးးများရေကန်များကို ပတ်ပြီး ဖွဲ့စည်းထားမှုများ ရှိနေကြောင်မြောက်ဦးဒေသ ရှေ့ဟောင်း အမွေအနှစ် ချစ်မြတ်နိုးသူများ အဖွဲ့ မှသိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 38 times Last modified on Friday, 12 July 2019 08:58