SJ WorldNews - шаблон joomla Авто

ထိန်းသိမ်းစစ်ဆေးမှုများ ဆောင်ရွက်စဉ် သေဆုံးမှုအချို့နှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေး ဆောင်ရွက်သွားမည်

Friday, 12 July 2019 19:58 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ်ရှိ လက္ကာ ကျေးရွာ၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာ ကျောက်တော်မြို့နယ်ရှိ မင်း သားတောင်ကျေးရွာနှင့် မြောက်ဦးမြို့နယ်ရှိ ဝေသာလီ ဆုတောင်းပြည့်ဘုရား အနီး ဒေသများတွင် တပ်မတော်သားများက အေအေ လက်နက်ကိုင် သောင်းကျန်းသူများနှင့် ဆက်နွယ် ပတ်သက်သူ၊ ဆက်နွယ် ပတ်သက်သူဟု သံသယရှိသူများကို ထိန်းသိမ်း စစ်ဆေးမှုများ ဆောင်ရွက်စဉ် သေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် သေဆုံးမှုများကို လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ သေဆုံးမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အမှန်အတိုင်း ပေါ်ပေါက်စေရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က တပ်မတော်နည်းဥပဒေ ၁၇၆ နှင့် အညီ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Read 207 times Last modified on Friday, 12 July 2019 20:00