SJ WorldNews - шаблон joomla Авто

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ် တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လွိုင်ကော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Monday, 15 July 2019 08:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၄

ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသည့် ဒုတိယ သမတ ဦးဟင်နရီဗန်ထီးယူသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊  ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးတင်မြင့်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော် မြို့နယ်ရှိ ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိကြသည်။       

ထို့နောက် ဒုတိယ သမတ သည် စက်ရုံ အရှေ့၌ ပြသထားသည့် ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း စက်များ အလုံးစုံပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ စက်ရုံအတွင်း စက်များ မောင်းနှင်မှု၊ ဓာတ်အား ပို့လွှတ်မှု၊ ဓာတ်အား ထိန်းချုပ်ခန်း၊ စက်ရှုံတငအခ့ မေိ နှင့် ရေတံခွန်အား လိုက်လံကြည့်ရှုသည်။

ယင်းနောက် ဒုတိယ သမတ နှင့်အဖွဲ့အား စက်ရုံဧည့်ရိပ်သာခန်းမ၌   ဘီလူးချောင်းရေအား လျှပ်စစ်စက်ရုံအမှတ်(၁)၊ (၂)၊ (၃) တည်ဆောက်ခဲ့မှု သမိုင်းကြောင်းများ၊ ပြန် လည်ပြုပြင်မွမ်းမံခဲ့မှုများနှင့် စက်ရုံဆိုင်ရာ အချက်အလက် ဗီဒီယို မှတ်တမ်းအား ပြသသည်။

ဆက်လက်၍ ဒုတိယ သမတ နှင့်အဖွဲ့ဝင် များသည် ဘီလူးချောင်းအမှတ်(၂) စက်ရုံရိပ်သာရှေ့ ရှုရပ်မှ ဘီလူးချောင်း အမှတ်(၂) စက်ရုံ၏  ရေလျှံထိန်းစည်၊ ရေသွယ်ပိုက်လိုင်း၊  ဓာတ်အားပို့လွှတ်ရေး လိုင်းများကို ကြည့်ရှုသည်။

ဘီလူးချောင်းအမှတ်(၂)  စက်ရုံကို လွိုင်ကော်မြို့ အရှေ့တောင်ဘက် ၁၄ မိုင် ခန့်အကွာ ဘီလူးချောင်း၏ လက်ယာ ဘက် ကမ်း၌ ၁၉၅၄ ခုနှစ်တွင် ပထမအဆင့် စက်သုံးလုံး စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ၈၄ မဂ္ဂါဝပ် ဓာတ်အားစတင်ထုတ်လုပ် ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ်တွင် ဒုတိယအဆင့် ၂၈ မဂ္ဂါဝပ် စက်သုံးလုံးထပ်မံ တည်ဆောက် ခဲ့ရာ ၁၉၇၄ ခုနှစ်တွင် တည် ဆောက်ပြီးစီးခဲ့ပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း (လွိုင်ကော်)သို့ရောက်ရှိရာ ဒုတိယ သမတ အားသင်တန်းကျောင်းကျောင်းအုပ်က သင်တန်းကျောင်း ဆိုင်ရာ အချက် အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယ သမတ က နိုင်ငံတော်  အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသူများ အလုပ်အကိုင်ရရှိရေးနှင့် သက်မွေး ပညာ တတ်မြောက်စေရန်အတွက် သင်တန်းကျောင်း ၄၅ ကျောင်းကို ရည်ရွယ်ချက် (၅)ရပ်ဖြင့်  ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း၊ သင်တန်း သူများအနေဖြင့် သင်တန်းကျောင်းတွင် နေထိုင်သည့် ကာလတွင် ယုံကြည်ချက် ခိုင်ခိုင် မာမာ၊ ရိုင်းပင်ကူညီစိတ်၊ စည်းလုံးညီညွတ်စိတ်၊ တစ်ဦးအပေါ်တစ်ဦး သည်းခံနား လည်စိတ်တို့ဖြင့် စနစ်တကျ သင်ယူကြစေလိုကြောင်း၊  သင်တန်းဆရာများ အနေဖြင့် သင်တန်းသူများအား ဆွေမျိုးသားချင်းများ သဖွယ် သဘော ထားပြီး လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပြီး နောက်  ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလုပ်ကိုင်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ သမတ သည် သင်တန်း သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အ၀တ် အထည်များ၊ အစားအသောက်များကို လိုက်လံကြည့်ရှု သည်။

အဆိုပါသင်တန်းကျောင်းကို ၁၉၉၄ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကျောင်းတွင် စက်ချုပ်၊ အိမ်တွင်းမှု၊ ကယား ရိုးရာ ဂျပ်ခုပ်နှင့်  သိုးမွေးစက်ဆွဲသင်တန်းများကို အဆင့်လိုက်သင်ကြားပေးလျက်ရှိကာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သင်တန်း သူ ၁၀၁ ဦးသင်ကြားလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယ သမတ သည် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး   လူနာဆောင်၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း နှင့် ဆေးရုံ အတွင်းလိုက်လံကြည့်ရှုပြီး ဆေးရုံအတွက် အလှူငွေများကို ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ်္မတသည် ပြည် နယ်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံကာ အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုက ပြည်နယ်အတွင်းဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယ သမတ ကတွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ၏ သိမ်းဆည်းမြေ ဆိုင်ရာ တင်ပြချက်နှင့် စပ်လျဉ်း၍  ပြည်နယ် အစိုးရက ပြန်လည်ရှင်းလင်းချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယ သမတ သည် အခမ်း အနားတက်ရောက် လာကြသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ သမတ နှင့်အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့မှ မော်တော်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာ ခဲ့ကြရာ ညပိုင်း တွင်နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။

Read 99 times Last modified on Monday, 15 July 2019 08:34