SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆက်လက်ကျင်းပ

Wednesday, 17 July 2019 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၆

၂၀၁၉ ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲကို နေပြည်တော်ရှိ ၀ဏသိဒိ္ဓ အားကစားရုံ(B)၌ ဆက်လက် ကျင်းပရာ ပြိုင်ပွဲများသို့အားကစားသမားစုစုပေါင်း   ၂၄၁   ဦး ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း  သိရသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲဝင်အသင်း ၁၅ သင်းမှ ၁၅၀ ဦး၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ ၉၁ ဦး စုစုပေါင်း ၂၄၁ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသားအသင်းလိုက် ““က””ကွက် ပြိုင်ပွဲ၊ လိုက်ဝိတ်တန်းအမျိုးသား ၅၈-၆၃ ကီလိုတန်း၊ လိုက်ဝိတ် တန်း အမျိုးသမီး ၄၉-၅၃ ကီလိုတန်း၊  လိုက်ဝိတ်တန်းအမျိုးသား ၅၈-၆၃ ကီလိုတန်း၊ လိုက်ဝိတ်တန်း အမျိုးသမီး ၄၉ -၅၃  ကီလိုတန်း၊ပင်းဝိတ်တန်း အမျိုးသား -၄၆ ကီလိုတန်း၊ ပင်းဝိတ်တန်း အမျိုးသား -၄၀  ကီလိုတန်း၊ လိုက်ဝိတ်တန်း အမျိုးသား ၅၈-၆၃ ကီလိုတန်း၊ လိုက်ဝိတ်တန်း အမျိုး သမီး ၄၉-၅၃ ကီလိုတန်း၊ ပင်းဝိတ်တန်း အမျိုးသား -၄၆ ကီလိုတန်း၊ ပင်းဝိတ်တန်း အမျိုးသမီး -၄၀ ကီလိုတန်း၊ ပြိုင်ပွဲများကို ကွင်း (B) တွင်  လည်းကောင်း၊ ဘင်တန်ဝိတ်တန်း အမျိုးသား ၅၀-၅၄ ကီလိုတန်း၊  ဘင်တန်ဝိတ်တန်း အမျိုးသမီး ၄၃-၄၆ကီလိုတန်းနှင့် ၀ယ်တာ ၀ိတ်တန်း အမျိုးသမီး ၅၇-၆၂ ကီလိုတန်း၊ ဘင်တန်ဝိတ်တန်း အမျိုးသား ၅၀-၅၄ ကီလိုတန်း၊ ဘင်တန် ၀ိတ်တန်း အမျိုးသမီး ၄၃-၄၆ ကီလိုတန်း၊ ၀ယ်တာဝိတ်တန်း အမျိုးသမီး ၅၇-၆၂  ကီလိုတန်း၊ ၀ယ်တာဝိတ်တန်း အမျိုးသား ၆၈-၇၄ ကီလိုတန်း၊ ဘင်တန်ဝိတ်တန်း အမျိုးသား ၅၀-၅၄ ကီလိုတန်း၊ ဘင်တန် ၀ိတ်တန်း အမျိုးသမီး ၄၃-၄၆ ကီလိုတန်း၊ ၀ယ်တာဝိတ်တန်း အမျိုးသမီး ၅၇-၆၂ ကီလိုတန်း၊ ၀ယ်တာဝိတ်တန်း အမျိုးသား ၅၇-၆၂ ကီလိုတန်းပြိုင်ပွဲများကို ၀ဏသိဒိ္ဓ အားကစားရုံ (A)၌ ယှဉ်ပြိုင်ကစားလျက်ရှိ ကြောင်းသိရသည်။          

(ကျော်လွင်)

Read 84 times Last modified on Wednesday, 17 July 2019 09:03