SJ WorldNews - шаблон joomla Авто

MFF Warrix Futsal Cup 2019 (မန္တလေး) ဖူဆယ်ပြိုင်ပွဲတွင် GV Athletic အသင်းဗိုလ်စွဲ

Wednesday, 17 July 2019 09:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၆

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြီးမှူး၍  Warrix  အဓိက ပံ့ပိုးမှုဖြင့်  ကျင်းပသည့် MFF Warrix  Futsal Cup 2019 ၂၀၁၉  (မနလေး) ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် တတိယ နေရာလုပွဲကိုယနေ့ညနေပိုင်းတွင မနလေး မြို့ရှိ   မနလာ သီရိ အားကစားရုံ၌ ကျင်းပရာ ဗိုလ်လုပွဲတွင် GV Athletic အသင်းက AKS (A) အသင်းကို ၆ ဂိုး  ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲ ခဲ့သည်။

တတိယနေရာလုပွဲတွင် JZM (A) အသင်းနှင့် လင်းလက်အသင်းတို့ ငါးဂိုးစီ သရေကျ နေသောကြောင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ လင်းလက်အသင်းက JZM (A) အသင်း  ကို ၁၂ ဂိုး ၁၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ မနလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူ များက ဆုရ အသင်းများနှင့် ဆုရ ကစားသမား များကို ဆုများပေးအပ်သည်။

ပြိုင်ပွဲအပြီးတွင် ပထမဆုရ GV Athletic အသင်းက ဆုကြေးငွေ ကျပ်သိန်း ၃၀၊ ချန်ပီယံ ဆုဖလားနှင့် တစ်ဦးချင်းဆု တံဆိပ်၊ ဒုတိယဆုရ AKS (A) အသင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်သိန်း ၂၀၊ တတိယဆုရ လင်းလက် အသင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၁၀ သိန်း၊ စတုတဆုရ  JZM (A) အသင်းက ဆုကြေး ငွေ ကျပ် ငါးသိန်း တို့ရရှိကြသည်။ အကောင်းဆုံး ဂိုးသမားဆုကို ညီညီသန့် (GV Athletic)၊ ပြိုင်ပွဲတစ်လျှောက် အကောင်း ဆုံးကစား သမားဆုကို သန့်ဇင်ထွန်း (AKS) နှင့် အသန့်ရှင်းဆုံးအသင်းဆုကို GV Athletic အသင်းတို့ ရရှိခဲ့သည်။  

………

Read 90 times Last modified on Wednesday, 17 July 2019 09:05