SJ WorldNews - шаблон joomla Авто

အာဇာနည်နေ့ ပြခန်းများကို ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံး(အတွင်းဝန်များရုံး)၌ သုံးရက်ကြာ ဖွင့်လှစ်ပြသမည်

Wednesday, 17 July 2019 09:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၆

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်း အနားနှင့် အာဇာနည်နေ့ပြခန်းများကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံး (အတွင်းဝန် များရုံး)၌ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) မှစ၍ ဇူလိုင် ၂၁  ရက်အထိ ခင်းကျင်း  ပြသသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါသုံးရက်တာ ကာလ အတွင်း အများ ပြည်သူများအား နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အာဇာနည်နေ့ ပြခန်းများကို ခင်းကျင်းပြသ သွားမည်ဖြစ်သည်။ ယခု ဇူလိုင် လပိုင်းမှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော အစည်းအဝေး ခန်းမကြီး၊ အလေးပြု ကျောက်တိုင်များနှင့် အခြား အထိမ်းအမှတ် နေရာတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်  ဆောက်လုပ်ရေး ကုမဏီ များကပူးပေါင်းပြီး ရှေးမူမပျက်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၀င်များကလည်း အဆိုပါအတွင်းဝန်များရုံး၏ ရှေ့မုခ်ဦးဝနှင့် လေးဘက်လေးတန် ပတ်ဝန်း ကျင်သတ်မှတ်တံတိုင်း နေရာများတွင်  လုံခြုံ ရေးယူကာ စောင့်ကြပ်လျက်ရှိသည်။

အဆိုပါရုံး၌ ယခုတွင် ရဲတပ်ဖွဲ့ဝင်များ က လုံခြုံရေးအစီအမံများဖြစ်သည့် X Ray စက်များ ထားရှိကာ အ၀င်/အထွက် စစ်ဆေး နိုင်ရန် တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့် သိမ်ဖြူလမ်းမကြီး ဘက်မှသာ ၀င်ရောက် ရမည်ဖြစ်ကြောင်း၊ ၀င်ပေါက်/ထွက်ပေါက်များ သီးသန့်စီထားရှိ ကြောင်း သိရသည်။

““ကျွန်တော်တို့ကတော့ ဒီပြပွဲသုံးရက်တာ ကာလအတွင်းမှာ ပြည်သူလူထုတွေ ဘယ်လောက် ၀င်ရောက်တယ် ဆိုတာ ကို စာရင်း ပြုစုပြီး တင်ပြသွားရမှာဖြစ်ပါတယ်။ ပြခန်း ပြကွက်တွေ ကတော့ အရင်နှစ်ကလိုပဲ အများ ပြည်သူတွေ ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ဖို့ စီစဉ်ထားပါတယ်””ဟု ဗိုလ်တထောင်မြို့နယ် စည်ပင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါရုံး၌ အာဇာနည်နေ့အခမ်း အနားကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး အစမ်း လေ့ကျင့်မှုကို ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းင်းအပြင် အာဇာနည်နေ့ပြခန်းများကို ၀န်ကြီးများရုံး၌သာမက ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် ဗိုလ်ချုပ် ပြတိုက် လမ်းရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်၌လည်း ပြသသွား မည်ဖြစ်ကြာင်း၊ ယင်းနေ့တွင် အများပြည်သူများ အနေဖြင့် မည်သူ မဆို လာရောက်ကြည့်ရှု လေ့လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 83 times Last modified on Wednesday, 17 July 2019 09:06