SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ပတ်သက် ဆက်နွယ်နေသူ များအား ဖမ်းဆီးရမိ

Wednesday, 17 July 2019 11:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဇူလိုင် - ၁၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကန်စောက်ကျေးရွာ၏  အရှေ့ဘက် ၁မိုင်ခန့်အကွာနေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ပုဏ္ဏား ကျွန်းဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်း ကျေးရွာနေ ယာဉ်မောင်း ကျော်မြင့်(ဘ)ဦးမောင်သိန်း မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ယိုးတရုတ်ကျေးရွာ နေသူများဖြစ်သည့် မင်းနိုင်ဋ္ဌေး(ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦးငြိမ်းဝေ (ဘ)ဦးဘသန်း တို့လိုက်ပါလာသည့် Starex အမျိုးအစား ယာဉ်အမှတ်၊ BGO- 3P/--------- မော်တော် ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်လုပ်ခါးချိုး ၁ လုံးထိုးသေနတ် ၁ လက်၊ ၅ ဒသမ ၅၆ မမကျည် ၂၈ တောင့်၊ အရိုး အသွား ၉ လက်မခန့်ရှိ ဓား ၁ ချောင်း၊ အရိုးအသွား ၃ ပေ ၆ လက်မခန့်ရှိ ဓားရှည် ၁ ချောင်း၊  WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ပြား (စုစုပေါင်းမူးယစ် ဆေးဝါးတန်ဖိုး ငွေကျပ်သိန်း ၄၀ ခန့်)၊ လက်ကိုင်ဖုန်း ၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ သူများအား စစ်ဆေး မေးမြန်းချက်အရ ယိုးတရုတ် ကျေးရွာနေ ထွန်းဝင်း (ဘ) ဦးမောင်ရွှေဇံသည် AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့် အတူ ဦးသန်းရွှေ(ဘ) ဦးဝေဖြူအောင် တို့အား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ဒဏ်ရာရရှိမှု မှတ်တမ်း ဓာတ်ပုံများနှင့် ဗွီဒီယို ဖိုင်များအား Viber ဖြင့် အပြန်အလှန် ပေးပို့ထားသည့် KAMBO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ပြည်ပငွေလွှဲ  Western Union ငွေလွှဲ ပြေစာများ၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုထားသည့် ဆက်စပ် ပစည်းများ နှင့်အတူ ထပ်မံ ဖမ်းဆီးရ မိခဲ့သည်။

အဆိုပါ ဖမ်းဆီး ရမိသူများ၊ လက်နက် ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ် တို့အား ကန်စောက်နယ်မြေ ရဲစခန်းနှင့် ယိုးတရုတ်နယ်မြေ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ၍ တရား ဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံး လုပ်နည်း နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

 

 

Read 88 times Last modified on Wednesday, 17 July 2019 12:30