SJ WorldNews - шаблон joomla Авто

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Thursday, 18 July 2019 08:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၇

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် မနလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ တွင်းငယ် ကျေးရွာ၌ ဇူလိုင် ၁၅ ရက်မှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျေးရွာရှိ လူနေအိမ် ၁၀၀၆ လုံးအနက် လူနေအိမ် ၄၀၀ လုံး ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေဘေးအန်္တရာယ်ကြုံတွေ့ခဲ့ရသူ များထဲမှ ရေဘေးသင့်ပြည်သူ ၁၀၀၈ ဦးကို သပိတ်ကျင်း တပ်နယ်မှ တပ်မတော် သားများက ဇူလိုင် ၁၆ ရက်နှင့် ယနေ့တို့တွင် ယာယီကယ် ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် ရွာဦး ဘုန်းတော်ကြီး ကျောင်းသို့ ရွှေ့ပြောင်းပေးပြီး ဆန်အိတ် ၂၀ အိတ်၊ ကြက်ဥ ၁၅၀၀ လုံးနှင့် သောက်သုံးရေများ လှူဒါန်းကာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က   ရေဘေးသင့်ပြည်သူများအား  ကလေး ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ကျန်ရှိနေသည့်နေအိမ်များကိုလည်း ရေဘေးလွတ်ရာ နေရာများသို့ ကူညီရွှေ့ ပြောင်းပေးခြင်းများ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ရေကြီးရေလျှံမှုများကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်း ရရှိသည်။

 

Read 122 times Last modified on Thursday, 18 July 2019 08:26