SJ WorldNews - шаблон joomla Авто

Yangon Innovation Centre ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Thursday, 18 July 2019 08:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၇

Yangon Innovation Centre (ရန်ကုန်ဆန်းသစ် ဖန်တီးမှု ဗဟိုဌာန)  ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကမ်းမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ကျန်းမာရေး ဆိပ်ကမ်းဝင်းရှိ အဆိုပါ စင်တာ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်က Yangon Innovation Centre ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် က အမှာစကား ပြောကြားသည်။

ယင်းနောက် Yangon Innovation Centre အမှုဆောင် အရာရှိချုပ် ဦးရာဝီးက  Yangon Innovation Centre၏ လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက်  Seed Stars အဖွဲ့မှ Head of Programmes Ms. Atriana Collini က Seed Starsအဖွဲ့၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်လင်း တင်ပြသည်။

ထို့နောက်  Yangon Innovation Centre ၀င်းအတွင်း မြန်မာနိုင်ငံဆိုင်ရာ  ပြင်သစ်နိုင်ငံ သံရုံးက တည်ဆောက် လှူဒါန်း သည့် Digital Museumနှင့် ပတ်သက်သည့် စာရွက်စာတမ်း များကို ပြင်သစ်သံအမတ်ကြီး Mr. Christian Lechervy က သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင် ကိုထံ လွှဲပြောင်း ပေးအပ် သည်။

ဆက်လက်၍  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် Yangon Innovation Centre အတွင်း လှည့်လည်ကြည့်ရှု့ အားပေးသည်။

Yangon Innovation Centre ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ဆောင် ရွက်မှုဖြင့် ဆွစ်ဇာလန် အခြေစိုက်  Seed Stars ကုမဏီက တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး အဆိုပါ စင်တာမှ ဦးစားပေး ကဏ္ဍများအဖြစ် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များနှင့် အသေးစား၊ အလတ်စားလုပ်ငန်း များအတွက် ခေတ်မီနည်းပညာများဖြင့် တီထွင် ဖန်တီးနိုင်စေခြင်း၊ ဆန်းသစ်ဖန်တီးခြင်း အလေ့ အကျင့်များကို အားပေးမြှင့်တင်ခြင်း၊ စီးပွား၊ စီမံ၊  စွန့်ဦးတတ်သိပညာများကို  ပို့ချခြင်း၊  လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ပံ့ပိုး ခြင်းများ ဆောင်ရွက် သွားမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ပထ၀ီ အနေအထား အားသာချက်များ အလိုက် အကျိုးသက် ရောက်မှု အထူးရှိစေမည့် စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများအတွက် နည်းပညာ များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ယင်းစင်တာတွင် နည်းပညာကုမဏီ ကြီး ၂၀ ကျော်မှ နည်းပညာကဏ္ဍ၊ ခရီးသွား ကဏ္ဍ၊ စီးပွားရေးကဏ္ဍများ အပါအ၀င် အခြေခံ ပညာအထက်တန်း အဆင့်မှ စ၍တကသိုလ် များအထိ လူငယ်များနှင့်ချိတ်ဆက်ပြီး သင်တန်း များ၊ျွှသမှု့သစ များ၊ွှမညေငညါ များကို လူငယ်များလေ့လာ သင်ယူနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါစင်တာတွင် စုပေါင်းအလုပ်ရုံ၊ စိတ်တူကိုယ်တူရှိသူများနှင့် ပူးပေါင်းအလုပ် လုပ်နိုင်ရန် ဈေးနှုန်းသင့်တင့်သည့် ခေတ်မီခန့် ညားသော လုပ်ငန်းခွင်နေရာ၊ ရင်းနှီးမြှုပ်နှံမှုရရှိ နိုင်ရန် အဆင်သင့်ဖြစ်စေသော သုံးလတာ အဟုန်မြှင့် တင်ပေးမှု အစီအစဉ်၊ စီးပွားရေး တည်ထောင်မှု အထူးသင်တန်း၊ စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုတည်ထောင်ရန်အတွက် လိုအပ် သည့်ဆန်းသစ်တီထွင်ခြင်း၊ စီးပွားရေးနှင့် နည်း ပညာဆိုင်ရာပညာရပ်များကို  လက်တွေ့သင်ကြား ပေးသည့် ခြောက်လတာအထူးသင်တန်းများ ရှိပြီး တီထွင်ဖန်တီးမှု၊ ဆန်းသစ်ဖန်တီးမှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ စီးပွား၊ စီမံ၊ နည်းပညာ နှင့်သက်ဆိုင်သည့် အပတ်စဉ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် နှီးနှောဆွေးနွေးပွဲများကို ပြုလုပ်  နိုင်မည်ဖြစ် သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊  သူရဦးအောင်ကို၊  ဒေါက်တာ အောင်သူ၊ ဦးသန့်စင်မောင်၊  ဦးခင်မောင်ချို၊  ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်၊  ငြိမ်းချမ်း ရေးကော်မရှင်ဥကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥကဋ္ဌ ဦးတင်မောင်ထွန်း၊  ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ Yangon Innovation Centre အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိ သူများ၊  Seed Stars အဖွဲ့မှ တာဝန် ရှိသူများ၊  နည်းပညာ တကသိုလ်များမှ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဖိတ် ကြားထားသူများတက်ရောက်ကြသည်။

Read 96 times Last modified on Thursday, 18 July 2019 08:36