SJ WorldNews - шаблон joomla Авто

ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်းရှိ စေတီပုထိုးများအား နှစ်ရှည် စီမံကိန်းဖြင့် ထိန်းသိမ်း ဆောင်ရွက်မည်

Thursday, 18 July 2019 08:04 font size decrease font size decrease font size increase font size increase font size

ညောင်ဦး  ဇူလိုင်  ၁၇

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ   စေတီပုထိုးများအား နှစ်ရှည်စီမံကိန်းဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွှန်ကြား ရေးမှူး ဦးမြင့်သန်းထံမှ သိရသည်။

““စေတီ ပုထိုးတွေကို ပြုပြင် ထိန်းသိမ်းရာမှာ နှစ်ရှည် စီမံကိန်းတွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ထိန်းသိမ်းမှုပိုင်းတွေမှာ ထိရောက်မှုရှိပါတယ်။ အဓိက ကတော့  ငလျင်ဒဏ်ခံနိုင်ဖို့နဲ့  ရေရှည် တည်တံ့ဖို့ ဆောင်ရွက်နေတာပါ။  ပုဂံဒေသက ယူနက်စကို အသိအမှတ်ပြု ကမာ့အမွေအနှစ် ဒေသဖြစ်လာ တဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုပိုရလာပါတယ်။  အခုပြုပြင် ထိန်းသိမ်းနေတဲ့ စေတီတွေရှိပါတယ်။  ဒါတွေကို  နှစ်ရှည် စီမံကိန်းနဲ့   ဆောင်ရွက်နေတာပါ။   မူလလက်ရာတွေ  မပျက်ယွင်းအောင် ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် နည်းပညာပိုင်း လိုအပ်ချက်တွေကို  နိုင်ငံတကာကနေ အကူအညီပေးနေတာတွေလည်း ရှိပါတယ်””  ဟု   ဦးမြင့်သန်း က ပြောသည်။           

စေတီပုထိုးများ    ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို   နိုင်ငံပေါင်း  ၁၁  နိုင်ငံနှင့်  အဖွဲ့အစည်းနှစ်ခု၏  အကူအညီများ

ရယူဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိ  ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ  ပြုပြင် ထိန်းသိမ်း ပေးနေသည့်   စေတီပုထိုးရှစ်ဆူရှိပြီး   ယင်းအနက်   အာနနာစေတီတော်အား  ပြုပြင် ထိန်းသိမ်းမှု ပြီးစီး ခဲ့ကြောင်း၊  ဆက်လက်၍ အောက်တိုဘာလအတွင်း   အိနိ္ဒယနိုင်ငံမှ စေတီပုထိုး ၉၂ ဆူအား ပြင်ဆင်ပေးမည်ဖြစ် ပြီး ကနဦး အနေဖြင့် စေတီပုထိုး ၁၀ ဆူအား စတင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ အတွင်းရှိ   ငလျင်ဒဏ်ခံ ဘုရားများနှင့် ပတ်သက်၍   လာရောက် ပူးပေါင်း ဆောင် ရွက်လျက် ရှိသော နိုင်ငံပေါင်း ၁၁ နိုင်ငံအပြင် ကမာ့ဘဏ်နှင့် UNESCO တို့ ပါဝင်ကြောင်း သိရသည်။                            

စိုးမိုး

Read 210 times Last modified on Thursday, 18 July 2019 08:49