SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

Saturday, 20 July 2019 10:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁ဝ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄) နေအိမ်၌ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကိုရည်စူး၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

အဆိုပါ ဆွမ်းဆက်ကပ် လှူဒါန်းပွဲသို့ တောင်စွန်းဆရာတော် အရှင်ဝီရိယ(ဓမ္မဘေရီ) အမှူးပြုသော ဆရာတော် သံဃာတော် ၁၅ ပါးကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော် သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်ဇနီး၊  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်း ထွန်းဦး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့်ဇနီး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့်ဇနီး၊  ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့်ဇနီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် ဇနီး၊ ဆွေမျိုးမိတ်သင်္ဂဟများ တက်ရောက်ကြ သည်။

ရှေးဦးစွာ တောင်စွန်းဆရာတော် အရှင်ဝီရိယ(ဓမ္မဘေရီ)ထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား  လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ 

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ အားရည်စူး ၍   နိုင်ငံတော် သမ္မတနှင့်ဇနီး၊   နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့်ဇနီး၊  နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် ပရိသတ်များက ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော်၊ သံဃာ တော်များအား   နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

(သတင်းစဉ်)

Read 84 times Last modified on Saturday, 20 July 2019 10:31