SJ WorldNews - шаблон joomla Авто

နိုင်ငံတော်အတွက် အသက်ပေးလှူသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ နေပြည်တော်ကောင်စီရုံး၌ ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနားကျင်းပ

Saturday, 20 July 2019 10:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၉

(၇၂)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက်  အသက်ပေး လှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်း အနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

အခမ်းအနားတွင် ဧည့်ပရိသတ်များက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြသည်။

ယင်းနာက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊  ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ဇနီးနှင့် ဧည့် ပရိသတ်များသည် နိုင်ငံတော်သြဝါဒါစရိယ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ သံဝေဂကထာ တရားနာယူကြပြီး အာဇာနည် ခေါင်းဆောင်ကြီးများ အားရည်စူး၍  ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော်များ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

(သတင်းစဉ်)

Read 84 times Last modified on Saturday, 20 July 2019 10:34