SJ WorldNews - шаблон joomla Авто

(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များပြောသော အောက်မေ့ဖွယ် ဂါရဝပြု စကားသံများ

Saturday, 20 July 2019 10:53 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ်တွင်ကျရောက်သော (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုရန် ရောက်ရှိလာ သော နိုင်ငံတော် အကြီးအကဲများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင် များပြောကြားသည့် အာဇာနည်နေ့ အမှတ်တရစကားသံများကို အောက်မေ့ဖွယ် ထုတ် နုတ်ဖော်ပြလိုက်ပါသည် .....

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်

အာဇာနည်မိသားစုဝင်တွေကို အခုလို တွေ့ဆုံနှုတ်ဆက်ခွင့်ရတာ ဂုဏ်ယူပါတယ်။ အာဇာနည် မိသားစုဝင်တွေအားလုံးလည်း ကျန်းမာချမ်းသာပါစေလို့ အမြဲဆုတောင်း ရင်း မေတ္တာပို့သလျက်ရှိပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

အာဇာနည်နေ့ ဆိုတာကတော့ နှစ်တိုင်း နှစ်တိုင်း တစ်ခါတစ်ခါ ပြန်ပြန်ဖြစ်တဲ့ကိစ္စပဲ။ ဒါတွေအားလုံးဟာ ကိုယ့်အတွေးနဲ့ ကိုယ်တော့ရှိကြတယ်ပေါ့။ ဒီအတွေးဟာ ဘယ်လို စဉ်းစားရမယ်ဆိုတာ ဘယ်သူကမှ ညွှန်ကြားပေးရတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ဆုံးဖြတ်ရတာပါ။ အာဇာနည်ဆိုတာ ဘာလဲပေါ့။ အခုလို အာဇာနည်နေ့ ကျင်းပတာ၊ အဲဒါကတော့ လူတိုင်းလူတိုင်း ကိုယ့်ဘာသာကိုယ် စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ နိုင်ငံ့ခေါင်း ဆောင်ကြီးတွေကတော့ တိုင်းပြည်လွတ်လပ်ရေးရအောင် ပထမဦးစားပေး ဆောင်ရွက် ခဲ့တာပါ။ ဒုတိယကတော့ တိုင်းပြည်တိုးတက်အောင် လုပ်ကြမယ်ဆိုတဲ့စိတ်ပါ။ သူများ နိုင်ငံတွေနဲ့အတူတူ တန်းတူ ရင်ပေါင်တန်းနိုင်ဖို့ လုပ်ပေးသွားပြီ။ ကျွန်တော်တို့ လွတ် လပ်ရေးရပြီးပြီဆိုတော့ ကျွန်တော်တို့တိုင်းပြည်ကို စည်းနဲ့ကမ်းနဲ့စနစ်တကျ ဆက်လက် တိုးတက်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ အားလုံး လုပ်ကြဖို့ရှိပါတယ်ဆိုတာ ကျွန်တော် ပြောချင်ပါတယ်။

သခင်မြ၏ မွေးစားသားကြီး ဦးရဲမြင့်အောင်

မျိုးဆက်သစ် လူငယ်တွေအနေနဲ့ကလည်း အာဇာနည် ခေါင်းဆောင်ကြီးတွေ လွတ်လပ် ရေးအတွက် စည်းစည်းလုံးလုံး သူတို့လုပ်ခဲ့ကြသလို မျိုးဆက်သစ်လူငယ်တစ်ဦးတစ် ယောက်ချင်းစီကလည်း အာဃာတမထားဘဲ မာန်မာနတွေလျှော့ပြီး စည်းစည်းလုံးလုံး ဖြစ်စေချင်တယ်။ အန်ကယ်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ရောက်ဖို့ အားလုံး စည်းစည်းလုံးလုံးနဲ့ လုပ်စေချင်ပါတယ်။

အာဇာနည်ခေါင်းဆောင် ရဲဘော်ကိုထွေး၏တူ ဒုတိယဗိုလ်မှူးကြီးအောင်ကိုကို (ငြိမ်း)

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ကြီးတွေ စွမ်းဆောင်ခဲ့တာ အဓိကအချက်ကြီး နှစ်ချက်ရှိပါ တယ်။ ဆုံးရှုံးနေတဲ့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ပြန်လည် ရရှိအောင် လုပ်ပေးခဲ့တာတစ်ချက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြန်လည် တည်ဆောက်ပေးခဲ့တာ တစ်ချက်၊ ဒီနှစ်ချက်စလုံးကို ဆက်ပြီး ထိန်းသိမ်းသွားဖို့ အရေး ကြီးပါတယ်။ ဗိုလ်ချုပ်တို့ကစပြီးတော့ နိုင်ငံတော်ကို လွတ်လပ်ရေးရအောင် လုပ်တဲ့ အချိန်မှာ မိမိအမျိုးသား အကျိုးစီးပွား အတွက်ကိုပဲ ဦးစားပေးပြီးလုပ်ခဲ့တယ်။ ဂျပန်ကို ခေါ်ပြီးတော့ အင်္ဂလိပ်ကို တိုက်ခဲ့တယ်။ တစ်ခါ ဂျပန်က မြန်မာတွေကို ဖိနှိပ်တယ်၊ လွတ်လပ်ရေးက မစစ်မှန်ဘူးဆိုတော့ အင်္ဂလိပ်ကိုခေါ်ပြီးတော့ အင်္ဂလိပ်နဲ့ပေါင်းပြီး တိုက်ခဲ့တယ်။ အင်္ဂလိပ်လက်အောက်မှာနေရတာ မနေနိုင်ဘူး။ လွတ်လပ်တဲ့ နိုင်ငံဖြစ် ချင်တယ်။ ဒါကြောင့် လွတ်လပ်ရေး ရအောင်ကြိုးစားခဲ့တယ်။ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ ရအောင် ချမယ်ဆိုပြီးတော့လုပ်ခဲ့တာပါ။

ပြောချင်တာက မိမိအမျိုးသား အကျိုးစီးပွား အဓိကပဲ၊ အပြင်က လူတွေအတွက်ကို ဦးစားမပေးဘူး။ ဒီနေ့လုပ်ကြ၊ ကိုင်ကြတဲ့အခါမှာလည်း မိမိအမျိုးသား အကျိုးစီးပွား အဓိကပါပဲ။ ပြင်ပက လူတွေအတွက် မဟုတ်ပါဘူး။ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရ ဖြစ်နေရင် ကျွန်တော်တို့နိုင်ငံကြီးဟာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာလျော့ပါး မယ်။ နောက်ဆုံးမှာဆုံးရှုံးမယ်ပေါ့။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆောင်ရွက် ရာမှာလည်း ဗိုလ်ချုပ်တို့က အားလုံးမျှမျှတတဖြစ်အောင် လုပ်ခဲ့ကြတယ်။ အလျှော့ အတင်းနဲ့ မျှမျှတတလုပ်ရင် ကောင်းမွန်တဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ဖြစ်လာမှာပါ။

မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ သားကြီး စဝ်ကိုင်ဖ

၇၂ နှစ်မြောက်ပေါ့။ ဖခင်တစ်ယောက် ဆုံးရှုံးရတဲ့နေ့ပေါ့လေ။ ဒါပေမဲ့ အန်ကယ်တို့ အတွက်ဆိုးတာက တိုင်းပြည်တစ်ခုလုံး ဆုံးရှုံးရတာပါပဲ။ ဒါကြောင့် အာဇာနည် ခေါင်း ဆောင်ကြီးတွေ ချမှတ်ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်ကို ပြည်သူ တွေအားလုံး အမှတ်တရဖြစ်ပြီးတော့ ညီညီညွတ်ညွတ် စုစုစည်းစည်းနဲ့ဆောင်ရွက်ကြပါ လို့ ပြောချင်တယ်။

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ သမီး ဒေါ်မြင့်မြင့်ခိုင်

အဖေက ကရင်ပြည်နယ်ရယ်လို့ သီးသီးသန့်သန့် မလိုချင်ဘူး။ ကရင်-ဗမာ လက်တွဲပြီး တော့ပဲနေမယ်။ ဗမာတွေ လွတ်လပ်ရေးရရင် ကရင်တွေရတာပဲ။ ဗမာတွေ ကောင်းစား ရင် ကရင်တွေကောင်းစားမှာပဲဆိုတဲ့ အဲဒီလိုယုံကြည်ချက်နဲ့ တောက်လျှောက် လုပ်သွား တဲ့ခေါင်းဆောင်ကြီး တစ်ယောက်ပါ။ ကျဆုံးသွားတာကတော့ အင်မတန်နှမြောဖို့ ကောင်းပါတယ်။ အခုလို နိုင်ငံစည်းလုံးဖို့ အများကြီးကြိုးစားနေရတဲ့ အချိန်မှာ သူတို့ သာရှိမယ်ဆိုရင် ဘယ်လိုများနေမလဲလို့ မျှော်မှန်းမိပါတယ်။

မောင်မျိုး(ဧရာဝတီ)

Read 89 times Last modified on Saturday, 20 July 2019 12:08