SJ WorldNews - шаблон joomla Авто

ရေဘေးသင့်ပြည်သူ များကို စားသောက်ဖွယ် ရာများ လှူဒါန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Monday, 22 July 2019 08:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၂၁

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန်္တီး မြို့ မြေနိမ့်ပိုင်းရပ်ကွက်များမှ ဒေသခံပြည်သူများသည်  ရေဘေးလွတ်ရာ နေရာများသို့ ခေတပြောင်းရွှေ့နေထိုင်လျက်ရှိရာ ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက ခန်္တီးမြို့၊ မြသိန်းတန် ဘုရား   ရေဘေးရှောင်စခန်းနှင့် ပေါမိုင်း ဘုန်းကြီး ကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူ ၃၅၀ ဦးတို့ကို  ထမင်း၊ ဟင်းနှင့် သောက်ရေသန့်ဘူးများ သွားရောက် လှူဒါန်းကြသည်။

အလားတူ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ ဝေဠုဝန် ငါးထပ်ကြီးဘုရား    ရေဘေး ရှောင် စခန်းတွင် ခေတ်္တပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူ ၁၄၇ ဦးအား ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဖျားနာရောဂါ၊ ချောင်းဆိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး နယ်မြေခံ တပ်မတော်သားများက သောက်ရေ သန့်ဘူးများ  ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း   သတင်းရရှိသည်။ 

Read 86 times Last modified on Monday, 22 July 2019 08:47