SJ WorldNews - шаблон joomla Авто

မြ၀တီအသင်း နိုင်ပွဲယူပြီး အမှတ်ပေး ချန်ပီယံဆု ဆွတ်ခူး

Monday, 22 July 2019 09:29 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  ဇူလိုင် ၂၁

 ၂၀၁၉ ရာသီ  MPT  MNL ယူ-၂၀ အမှတ် ပေးပြိုင်ပွဲ  နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့်  ပွဲစဉ်(၁၄)ကို ယနေ့ညနေပိုင်း တွင် ကျင်းပရာ  ချန်ပီယံဆုအတွက်  အဆုံးအဖြတ်ပြိုင်ပွဲတွင်  မြ၀တီအသင်းက  အား/ကာသိပ္ပံ အသင်းကို     ဂိုး  ဂိုးမ ရှိဖြင့် အနိုင်ရကာ ချန်ပီယံဆုကို ဆွတ်ခူး ရရှိခဲ့သည်။

 ပွဲစဉ်(၁၃)အပြီးတွင်   ရမှတ်တစ်မှတ်သာ ကွာသည့် မြ၀တီအသင်းနှင့် အား/ကာသိပ္ပံ အသင်းတို့ပွဲမှာ ချန်ပီယံဆု အတွက် အဆုံး အဖြတ်ဖြစ်ခဲ့ပြီး တစ်မှတ်အသာရထားသည့် အား/ကာသိပ္ပံ အသင်းသည် သရေကျရုံဖြင့် ချန်ပီယံဆု ရမည်ဖြစ် သော်လည်း ရှုံးပွဲကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်။ မြ၀တီအသင်းသည် လိုအပ်နေသည့် အနိုင်သုံးမှတ်ကိုရယူကာ ချန်ပီယံ ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲအစ ၄မိနစ်တွင် ဟိန်းဇေယျာမင်းက သွင်းယူ ခဲ့သည်။ ပြိုင်ပွဲ အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တတိယဆုရ တကသိုလ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ် ကို အား/ကာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ဆုကြေးငွေကျပ် ၃၅ သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒုတိယဆုရ အား/ကာသိပ္ပံ အသင်းအား တစ်ဦးချင်းဆု တံဆိပ်ကို ရန်ကုန်တကသိုလ် ဒုတိယပါမောကချုပ် တကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥကဋ္ဌ ဒေါက်တာ သောင်းထိုက်၊ ဆုကြေးငွေ ကျပ်သိန်း ၇၀ ကို မြ၀တီအသင်းအမှုဆောင် အရာရှိချုပ် ဦးမြတ်စိုး၊ ပထမဆုရ မြ၀တီအသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်   ဒုတိယ ဥကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆုကြေးငွေကျပ်သိန်း ၁၀၀ ကို MPT,Dy Director of Marketing ဦးခင်မောင်မြင့်၊ ချန်ပီယံ ဆုဖလားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဋ္ဌ နှင့် မြန်မာနေရှင်နယ် လိဂ်ကော်မတီ ဥကဋ္ဌ ဦးဇော်ဇော်တို့က အသီးသီး ပေးအပ်ချီးမြှင့်သည်။

နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ် ၁၄ တွင် မြ၀တီအသင်းက အား/ကာသိပ္ပံ အသင်းကို ၁ ဂိုး ဂိုးမရှိ၊ တကသိုလ်အသင်းက ကချင်ယူ နိုက်တက် အသင်းကို ၃ ဂိုး ၂ ဂိုး၊ ချင်းယူနိုက် တက်အသင်းက ငွေကြယ်ပွင့် အသင်းကို ၂ ဂိုး ၁ ဂိုး၊ မောရ၀တီ အသင်းက ရွိုင်ရယ်သန်လျင် အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲအပြီးတွင် မြ၀တီအသင်းက ၁၃ ပွဲနိုင်၊ တစ်ပွဲရှုံး ၃၉ မှတ်ဖြင့် ပထမ၊ အား/ကာသိပ္ပံ အသင်းက ၁၂ ပွဲနိုင် တစ်ပွဲ သရေ တစ်ပွဲရှုံး၊ ၃၇ မှတ်ဖြင့် ဒုတိယ၊ တက်္ကသိုလ်အသင်းက ရှစ်ပွဲနိုင် နှစ်ပွဲသရေ လေးပွဲရှုံး ၂၇ မှတ်ဖြင့် တတိယဆုတို့ ရရှိခဲ့သည်။

 

 

 

Read 81 times Last modified on Monday, 22 July 2019 09:34