SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက် အသင်းနှင့်ဧရာဝတီ အသင်း သရေကျ

Monday, 22 July 2019 09:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၂၁

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇)ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ရှိနေသည့် ရှမ်းယူနိုက်တက် အသင်းနှင့် ဧရာဝတီအသင်းတို့ သရေကျခဲ့သည်။

တောင်ကြီးကွင်း၌ကျင်းပသည့်ပွဲတွင်  ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။  ရှမ်းယူနိုက်တက် အသင်းသည် အိမ်ကွင်း၌  သရေသာကစားနိုင်ခဲ့သောကြောင့် ရှုံးပွဲမရှိ မှတ်တမ်းကို  ဆက်ထိန်း နိုင်ခဲ့သော်လည်း  ထိပ်ဆုံးမှရန်ကုန်အသင်းနှင့် သုံးမှတ်အထိကွာဟသွားခဲ့သည်။    

ဧရာဝတီ အသင်းသည်  အဝေးကွင်း၌ အဖိုးတန်သရေတစ်မှတ် ရယူနိုင်ခဲ့ပြီး    ရန်ကုန်အသင်းနှင့်  ငါးမှတ်ကွာဟ သွားသော် လည်း   ချန်ပီယံ မျှော်လင့်ချက် ဆက်ရှိနေဆဲဖြစ်သည်။   ရှမ်းယူနိုက်တက် အသင်းနှင့် ဧရာဝတီအသင်းမှာ နှစ်ကျော့ စလုံး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်းသည် ပွဲထွက် လူစာရင်းမှ အီမန်နျူရယ်ကို  အနားပေးထားပြီး မက်ဆီမင်၊ သီဟစည်သူ၊ ဟိန်းသီဟဇော်၊ နန်္ဒကျော်တို့ဖြင့်   ပွဲထွက်ကာတိုက်စစ်တွင် ထက်ဖြိုးဝေနှင့် ဒွေးကိုကိုချစ်ကို  အသုံးပြုခဲ့သည်။ ဧရာဝတီ အသင်းတွင် အဓိက ကစား သမားများဖြစ်သည့် တိုက်စစ်မှူး မာတူနာနှင့် နောက်ခံလူ ကျော်ဇင်လွင်တို့ ဒဏ်ရာ ရနေ သောကြောင့် ပွဲထွက်လူစာရင်းကိုအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ခံစစ်အသားပေးရန် ၅-၃-၂ ပုံစံဖြင့် ပွဲထွက်ခဲ့သည်။

ပထမပိုင်း ၂၁ မိနစ်တွင် ဧရာဝတီအသင်း ဂိုးစရခဲ့ပြီး  အောင်ကျော်နိုင်က အဝေးမှ ကန်သွင်းယူခဲ့သည်။  ဂိုးပေး လိုက်ရပြီး နောက်ပိုင်း တွင် ရှမ်းယူနိုက်တက်အသင်း ချေပဂိုးရရန်  ကြိုးပမ်းခဲ့သော်လည်းအခွင့်အရေးများ အသုံး မချနိုင်ခဲ့ဘဲ ဒုတိယပိုင်းတွင် ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ   တိုက်စစ်မြှင့်ခဲ့သည်။ 

ဒုတိယပိုင်းတွင်  ရှမ်းယူနိုက်တက် အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး  ၇၅  မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် လူစား ၀င် တိုက်စစ်မှူး အီမန်နျူရယ်က ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရ ရန်ကြိုးပမ်း သော်လည်း ဂိုးထပ်မသွင်းနိုင်၍  သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

မနလာ သီရိကွင်း၌  ကျင်းပသည့်ပွဲတွင် ရတနာပုံ အသင်းက Southern အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရတနာပံအသင်းသည် ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှု ကိုအဆုံးသတ်နိုင်ခဲ့ပြီး အဆင့်ခြောက်နေရာ သို့ပြန်လည် တက်လှမ်းနိုင်ခဲ့သည်။ ရတနာပုံ အသင်းအတွက် အနိုင်ဂိုးများကို ၃၂ မိနစ်တွင် ၀င်းနိုင်ထွန်း၊  မိနစ် ၈၀ တွင် ၀င်းနိုင်စိုး နှင့် ၈၂ မိနစ်တွင် လှိုင်းဘိုဘို တို့က  သွင်းယူခဲ့သည်။   သုဝဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက Chinland အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။  ဇွဲကပင် အသင်းသည်  နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့ပြီး ယခုပွဲ အနိုင်ရ လဒ်ကြောင့်  တန်းဆင်းဇုန်မှ လွတ်ရန် ရုန်းကန်ခဲ့ရကာ Chinland အသင်းမှာ ဆက်လက်ရုန်းကန် ရတော့မည်ဖြစ် သည်။ ဇွဲကပင် အသင်း အတွက် အနိုင်ဂိုးများကို ၃၆ မိနစ်တွင် ရာစင်၊ ၈၇ မိနစ်တွင် အောင်ဇင်ဖြိုးနှင့် ၉၀+၂ မိနစ်တွင် ညီညီထွန်းတို့ က သွင်းယူခဲ့သည်။

ပွဲစဉ် (၁၇) အပြီးတွင် ရန်ကုန်အသင်းက ၃၆ မှတ်ဖြင့်   ထိပ်ဆုံးမှဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၃၃ မှတ်၊ ဧရာဝတီ အသင်းက  ၃၁  မှတ်၊ ဟံသာဝတီ အသင်းက ၂၈ မှတ်၊   ရခိုင်အသင်းက ၂၆ မှတ်၊ ရတနာပုံ အသင်းက  ၂၅ မှတ်၊   စစ်ကိုင်း အသင်းက ၂၃ မှတ်၊ မကွေးနှင့် ဇွဲကပင် အသင်းက ၁၈ မှတ်စီ၊ Southern အသင်းက  ၁၅ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်၊ Chinland အသင်းက ၁၂ မှတ် ရရှိထားသည်။

Read 76 times Last modified on Monday, 22 July 2019 09:35