SJ WorldNews - шаблон joomla Авто

(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ ကြေးတစ်ခု စတင်ရရှိ

Monday, 22 July 2019 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်   ၂၁

အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပြေးခုန်ပစ် အားကစားနည်းမှ ပထမဦးဆုံး အနေဖြင့် ရွှေတံဆိပ် တစ်ခုနှင့်  ကြေးတံဆိပ် တစ်ခုကို စတင်ရရှိ နေကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊  စားပွဲတင် တင်းနစ်၊  ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊    တင်းနစ် အားကစားနည်း ငါးမျိုးသာ  ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ရွှေတံဆိပ်ဆုကို မောင်စောဒီဇင်ဘာသိန်းက အမျိုးသား ကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင်လည်းကောင်း၊  ကြေးတံဆိပ်ဆုကို  မလွီးဇာကအမျိုးသမီး မီတာ ၃၀၀၀ အပြေးပြိုင်ပွဲတွင်

လည်းကောင်း ရရှိခဲ့သည်။

(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင်  အာဆီယံနိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်ကစားလျက် ရှိရာ အိမ်ရှငအင်ဒိုနီးရှားနိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယနှင့် မလေးရှားနိုင်ငံက တတိယအဆင့် တွင်ရပ်တည်လျက် ရှိသည်။ ၎င်းင်းပြိုင်ပွဲတွင်  မြန်မာနိုင်ငံမှ ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ တင်းနစ်အား ကစားနည်းတို့အတွက် အားကစားသမား ၅၀ ကျော်သာ သွားရောက် ယှဉ်ပြိုင်ကစားလျက် ရှိပြီး နိုင်ငံအလိုက် အနေဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ကျော်လွင်

Read 66 times Last modified on Monday, 22 July 2019 09:36