SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ညီနောင် အသင်းများက ဆန်၊ ထောက်ပံ့ ငွေနှင့် ဓာတ်မြေသြဇာ အိတ်များ လှူဒါန်း

Tuesday, 13 August 2019 09:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁၂

အမျိုးသား သဘာဝ ဘေးအနရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက်္ကဋ္ဌ   ဒုတိယသမတ ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်သည့် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝ ဘေးသင့်ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအနရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှအသင်းခွဲများ၊ ကုန်စည်ဒိုင်များနှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများ က ဆန်အိတ် ၂၂၅၀၊ ငွေကျပ်သိန်း ၂၀၀ နှင့် ဓာတ်မြေသြဇာအိတ် ၃၇၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့  တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊  ဒုတိယ ၀န်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးစိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥကဋ္ဌ ဦးရဲမင်းအောင်နှင့် ညီနောင်အသင်းများမှတာဝန်ရှိသူများ တက်ရောက် ကြသည်။  

ရှေးဦးစွာ ဒုတိယ သမတက အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယသမတထံ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥကဋ္ဌနှင့် တာဝန်ရှိသူ များက မွန်ပြည်နယ်အတွင်း သဘာဝ ဘေးသင့် ပြည်သူများအတွက် ဆန်အိတ် ၂၂၅၀ ကိုပေးအပ်လှူဒါန်းသည်။

ဆက်လက်၍  ငွေကျပ်သိန်း ၂၀၀ နှင့် ဓာတ်မြေသြဇာ ၃၇၀ အိတ်ကို ပေးအပ် လှူဒါန်းရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ၀န်ကြီး ဦးစိုးအောင်တို့က လက်ခံရယူသည်။

ယင်းနောက်   အမျိုးသားသဘာဝ ဘေးအနရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီက ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဒုတိယ ၀န်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥကဋ္ဌနှင့်  တာဝန်ရှိသူများထံ  ပေးအပ်ပြီး ၀န်ကြီး ချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယ သမတသည် ပြည်နယ် ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ    ကျိုက်မရောမြို့ ရသေ့ကျောင်းတွင်  ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိရာ ကယ်ဆယ် ရေး စခန်းတွင် ဒုတိယ သမတအား ပြည်နယ် ၀န်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျိုက်မရောမြို့နယ်အတွင်း နှစ်စဉ်ရေကြီးမှု အခြေအနေ၊ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့ထားရှိမှုအခြေအနေနှင့် ရေကြီးမှု အနရာယ်မှ လျှော့ချ နိုင်ရန်အတွက် စီစဉ်ဆောင် ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယ သမတက ရေဘေး သင့်ပြည်သူများအား    အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ငါးသေတာ ဘူးများ ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယသမတနှင့် အဖွဲ့သည်   ကျိုက်မရောမြို့ရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယာယီဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေးစခန်း၊ ကျိုက်မရော မြို့ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယာယီ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းတို့သို့သွားရောက်ကာ  ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြော ကြားကာ  ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက် ထုတ်နှင့် ငါးသေတာဘူးများ ထောက်ပံ့ပေးအပ်သည်။

ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေကြီးမြင့်မှုကြောင့် ကျေးရွာ ၂၆ ရွာတွင် အိမ်ခြေ ၇၇၀၆ လုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ကာ    ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်၊ ငါးသေတာနှင့် ရေသန့်ဗူးများ ထောက်ပံ့ ပေးထားကြောင်း သိရသည်။

ထို့နောက် ဒုတိယသမတနှင့်အဖွဲ့သည်  မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသို့သွားရောက်ပြီး စက်ယနရား များဖြင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုရာ မီးသတ်ဦးစီး ဌာန ညွန်ကြား ရေးမှူးချုပ် ဦးမြတ်သူက ပုံရိပ် ဖမ်းစက်ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဒရုန်း ယာဉ်ဖြင့်  မြေပြိုကျမှုဖြစ်ပွားခဲ့သည့် တောင်ပေါ်တွင် ဓာတ်ပုံရိုက်ကူးထားပြီး မြေသားအက်ကြောင်း များရှိနေမှု အခြေအနေကို လည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မြင့် လှိုင်က ဌာန တွင်းရှိ ဘူမိဗေဒပညာရှင်များဖြင့် မြေပြိုကျသည့်နေရာတွင် မြေသားနမူနာများစမ်းသပ်ခြင်း၊ နောင်တွင် ယခုကဲ့သို့ မြေပြိုကျမှုထပ်မံ ဖြစ်ပွားမှုမရှိစေရန်   ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ

ကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ သမတက  ယခုဆောင်ရွက် လျက်ရှိသည့် ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ နောင်ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း ဘေးအနရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။

အဆိုပါ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သည့် လူဦးရေ အင်အား ၅၀၀ ကျော်ခန့်သည် စက်ယနရားများ၊  မြေသယ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

ထို့နောက်   ဒုတိယ သမတနှင့် အဖွဲ့သည် ဘီးလင်းမြို့တွင် နှစ်စဉ်ရေကြီးနှစ်မြုပ်သည့် လူနေအိမ်များအား ပြောင်းရွှေ့ နေရာ ချထားရန် စီစဉ်လျာထားသည့် ဘီးလင်းမြို့နယ်ရှိ ဘုရင့် နောင်မြို့ကွက်သစ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေး  ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက မြို့ကွက်သစ် ဖော်ဆောင်သွားမည့် အခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ    ဒုတိယ သမတက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယ သမတသည် ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင် ဟံသာအစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် ပဲခူးတိုင်း ဒေသကြီး သဘာဝ ဘေးအနရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အရေးပေါ်အစည်း အဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ်  ဦးဝင်းသိန်း၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့် အစည်း အဝေးသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝ ဘေးအနရာယ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယ သမတက  ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

Read 24 times Last modified on Tuesday, 13 August 2019 09:54