SJ WorldNews - шаблон joomla Авто

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား ကျင်းပ

Tuesday, 13 August 2019 10:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၂

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို   ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂   (MICC-2) ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားသည်။

ထို့နောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ရေးရာ ကော်မတီများမှ လူငယ်တာဝန်ခံများ၊ ကော်မတီဝင်များနှင့် လည်းကောင်း၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ခန်းမအတွင်း ပြသထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ရေးရာ ကော်မတီများ၏ ပြခန်းများ၊ လူငယ်နှင့်  ခရီးသွားပြခန်းနှင့်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းတို့အား   လိုက်လံကြည့်ရှုအားပေးကြသည်။ 

အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီး   စွမ်းဆောင်ရှင်များ အသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ရေးရာ ကော်မတီများမှ လူငယ် တာဝန်ခံများ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

Read 41 times Last modified on Tuesday, 13 August 2019 10:46