SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံ တွေ့ဆုံ

Tuesday, 13 August 2019 22:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ်  ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E.Mr. Sun Guoxiang အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ ကောင်စစ်ဝန် Mr. Yang Shou Zheng နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံ များနှင့် ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးများနှင့်အညီ မိတ်ဆွေ နိုင်ငံများအဖြစ်သာ သတ်မှတ် ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များအား လက်မခံသလို မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများကိုလည်း အလေးထားရန် အရေးကြီးသည့် အခြေအနေများ၊ မြန်မာ နိုင်ငံအပေါ် ဖိအားပေးကာ တစ်ဖက်သတ် ဆောင်ရွက်မှုများအပေါ် တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ရခိုင် ဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးသူ ဘင်္ဂါလီများအား နှစ်နိုင်ငံ သဘောတူညီချက်များ နှင့်အညီ ပြန်လည်လက်ခံရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ် သည့် အခြေအနေများ၊ နေရပ်စွန့်ခွာ ထွက်ပြေးသူ ဘင်္ဂါလီများအား ပြန်လည် လက်ခံ ရာတွင် ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးရှိရန် အရေးကြီးပြီး လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားစေမည့် ကိစ္စရပ်များမရှိရန် အရေးကြီးသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တပ်မတော်က စိတ်ရှည်သည်းခံစွာဖြင့် အပစ်အခတ် ရပ်စဲပေးထားချိန်တွင် တိုးတက်မှု များရရှိရန်၊ တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်နှင့်မြန်မာနိုင်ငံ၏ ပကတိ ဖြစ်ရပ် မှန်များကို နားလည် သဘောပေါက်ရန် လိုအပ်သည့် အခြေအနေများ၊ ငြိမ်းချမ်းရေး အတွက် ဆက်လက် ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read 19 times Last modified on Tuesday, 13 August 2019 22:04