SJ WorldNews - шаблон joomla Авто

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

Tuesday, 13 August 2019 22:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် ၁၃

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် ကြီး H. E. Mr. Chen Hai အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

‌တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံအမတ်ကြီး H. E. Mr. Chen Hai နှင့်အတူ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဆောင် ရွက်ရေး၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန် စေလွှတ်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် တရားမ၀င်နယ်စပ် ဖြတ် ကျော်မှု၊ မှောင်ခိုရောင်းဝယ် ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများ မရှိစေရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးကြသည်။

‌တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 24 times Last modified on Tuesday, 13 August 2019 22:05