SJ WorldNews - шаблон joomla Авто

ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

Wednesday, 14 August 2019 08:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်မှုကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ  ရေဘေးသင့် ပြည်သူများအတွက်  အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များမှ ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ်္စည်းများအား တပ်မတော် ရဟတ်ယာဉ်ဖြင့် ကြာအင်းဆိပ်ကြီးမြို့သို့ ပို့ဆောင်၍ အဆိုပါ ထောက်ပံ့ရေး ပစည်းမျာပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ရေးပစ်္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများ အတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ နှင့် အသုံးအဆောင်ပစ်္စည်းများပေးအပ်လှူဒါန်း ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူခဲ့ ပြီး  ရေဘေးသင့်ပြည်သူများကိုယ်စား တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား သည်။ ယင်းနောက် တိုင်းမှူးက ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

 

Read 14 times Last modified on Wednesday, 14 August 2019 08:23