SJ WorldNews - шаблон joomla Авто

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နယ်မြေခံ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး

Wednesday, 14 August 2019 08:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁၃

တနင်္သာရီတိုင်းဒေသကြီးအတွင်း  သြဂုတ် ၆ ရက်မှစတင်၍  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေဘေးသင့်နေရာများသို့ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊  နယ်မြေခံတပ်မတော်သားများက  ခရီးသွားပြည်သူများ လွယ်ကူစွာ သွားလာ နိုင်ရေးနှင့် အနရာယ်မဖြစ်စေရေး ယာဉ်ကြောများရှင်းလင်းခြင်း၊  ဖြတ်ကူးမရယာဉ်ငယ်များအား တပ်မတော်ဖိုက်ဘာ လှေများဖြင့် ပို့ဆောင်ပေးခြင်း၊ ခရီးသွားပြည်သူ များနှင့် ၎င်းတို့၏ပစည်းများအား   ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ ရေတိုက် စားမှုကြောင့် လဲကျသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်း စသည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လောင်းလုံး မြို့နယ်တွင် ရှင်မော်စေတီတော်အနီး၌လည်းကောင်း၊ မြိတ်မြို့နယ်တွင် အရှေ့မင်းသန်း ကျေးရွာနှင့် အနောက်မင်းသန်းကျေးရွာ တို့တွင်လည်းကောင်း၊ တနင်္သာရီမြို့နယ်တွင် လယ်တောင်ယာ ကျေးရွာ၊ အော်ကြီးကျေးရွာ၊ အောက်ကင်းကျေးရွာ၊ ဥယျာဉ်ကွင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ညောင်ပင်ကွင်း ကျေးရွာ တို့တွင်လည်းကောင်း နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေး သည်။

ထို့ပြင် ထားဝယ်ခရိုင် ရေး-ထားဝယ် သွားကားလမ်း မိုင်တိုင်အမှတ်၊ ၇၆ အနီးနှင့် မိုင်တိုင်-၇၉ အနီးတို့၌ မြေသားပြိုကျ၍လမ်းပြုပြင်မှုများအား ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့ဘက်မှ ခြေကျင်ဖြင့် ရောက်ရှိ လာသည့် ခရီးသွား ပြည်သူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊  နယ်မြေခံတပ်မတော် သားများက ကလိန်အောင်မြို့သို့ တပ်မတော် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ လမ်းများ စတင်ပျက်စီးခဲ့သည့် သြဂုတ်  ၁၀ ရက်မှယနေ့အထိ တပ်မတော်မော်တော် ယာဉ်များဖြင့် ခရီးသွားများကို မလွဲတောင်မှ  ကလိန်အောင်ထိ   ပို့ဆောင် ပေးလျက်ရှိရာ  ခရီးသည်၃၁၅ ဦးကို ၁၅ ခေါက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 27 times Last modified on Wednesday, 14 August 2019 08:28