SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့နယ် အတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် စက်လှေတိမ်းမှောက် ခဲ့သဖြင့် စစ်သည်တစ်ဦး ရေစီးနှင့်အတူမျောပါ သေဆုံး

Wednesday, 14 August 2019 10:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့ နယ်အတွင်း   မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ရာ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍  ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးစဉ် သြဂုတ် ၁၂ရက်တွင် ညောင်ပင်ကွင်းကျေးရွာ (အရှေ့ကမ်း)နှင့် (အနောက်ကမ်း) ဖောက်လုပ်ထားသည့် ကားလမ်းအထက်မှ အမြင့် ၆ ပေ၊ အကျယ်ပေ ၅၀၀ ခန့် ရေကျော်နေသဖြင့် စက်လှေဖြင့် ခရီးသွား ပြည်သူများအား ကူညီ ပို့ဆောင်ပေးနေစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် (အရှေ့ကမ်း)၏ ပေ၂၀၀ အကွာသို့ အရောက  စက်လှေရှိ ပန်ကာသည် ရေအောက်ရှိ ချုံနွယ်များဖြင့် ငြိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အခြားစက်လှေ တစ်စင်း ဖြင့် ခရီးသွားပြည်သူများအား    ကူညီကယ်ဆယ်နိုင်ခဲ့သော်လည်း အဆိုပါ စက်လှေဖြင့် လိုက်ပါသွားသည့် နယ်မြေခံတပ်မှ   စစ်သည်ခြောက်ဦး အနက် တပ်သားသောင်းချေသည်  ရေစီးကြောင်း အတိုင်း မျောပါသွားခဲ့သည်။

စစ်သည်အား ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်စဉ် ည ၆ နာရီခွဲခန့်တွင် အဆိုပါနေရာ၏တောင်ဘက် ပေ ၅၀၀ ခန့်အကွာ  ညောင်ပင်ကွင်း (အနောက်ကမ်း)ရှိ   သစ်ပုံအနီး၌ စစ်သည် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။

အဆိုပါ စစ်သည် ရုပ်အလောင်းအား တပ်မတော်လုပ်ထုံးလုပ်နည်းများ နှင့်အညီ စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                          

 

 

  

Read 32 times Last modified on Wednesday, 14 August 2019 10:15