SJ WorldNews - шаблон joomla Авто

မဲခေါင် - ဂျပန် ချစ်ကြည်ရေးနှစ် ၂ဝ၁၉ အခမ်းအနား ကျင်းပ

Thursday, 15 August 2019 09:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၄

မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂ဝ၁၉ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကား ပြောကြားသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက  မြန်မာ့မင်္ဂလာ တေးသီချင်း၊ မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့၏ ရိုးရာ ယဉ်ကျေးမှု အကအလှများ၊ မဲခေါင်-ဂျပန် ဂုဏ်ပြုစုပေါင်း အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိခဲ့သော လူငယ်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မဲခေါင်အဆင့်တွင် ပထမဆု ရရှိခဲ့ပြီး နိုင်ငံတကာအဆင့် ယှဉ်ပြိုင်မှုသို့  တက်ရောက်ကာ အမေရိကန်နိုင်ငံ ၌ ကျင်းပသည့် နိုင်ငံတကာ စီးပွားရေး ပုံစံငယ်ယှဉ်ပြိုင်ပွဲ ၂ဝ၁၉ တွင် တတိယဆု ရရှိခဲ့သည့် MMTu-tors Group အား ဆုပေးအပ် ချီးမြှင့်သည်။

ဆက်လက်၍ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပသည့် စက်ရုပ်ယှဉ်ပြိုင်ပွဲ ၂ဝ၁၉ တွင် ပထမဆု ရရှိခဲ့သည့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့်  ဆူရာနရီး နည်းပညာတက္ကသိုလ်၏ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ဆန်းသစ်မှု လူငယ်များစီးပွားရေး အမြင်သစ်ပုံစံငယ် ယှဉ်ပြိုင်ပွဲ၂ဝ၁၈  တွင်  ဒုတိယဆု ရရှိခဲ့ကြသည့် မန္တလေးတက္ကသိုလ်မှ  ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ဂျပန်သံအမတ်ကြီး Mr.Ichiro Maruyama က အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် အာဆီယံ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာအတွက် စက်ရုံထိန်းချုပ်မှု လုံခြုံရေး Block Chain နည်းပညာ ယှဉ်ပြိုင်ပွဲ ၂ဝ၁၈ တွင် ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့်   ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦးကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဆုရရှိသူများ ကိုယ်စား MM-Tutors Group မှ မဖူးပွင့်အိမ်က ကျေးဇူး တင်စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌတို့သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် လည်းကောင်း၊ မြန်မာနိုင်ငံ အတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ဂျပန်နိုင်ငံနှင့် မဲခေါင် နိုင်ငံများမှ လုပ်ငန်းရှင်များ၊ ဆုရရှိသူများ၊ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနား တက်ရောက် လာကြသူများနှင့်အတူ မဲခေါင်-ဂျပန် ချစ်ကြည်ရေးနှစ် ၂ဝ၁၉ အခမ်းအနားတွင် ထွန်းသစ်စလူငယ်လုပ်ငန်းရှင် များ၏ ဆန်းသစ်တီထွင်ထားသော ကုန်စည်များ၊ နည်းပညာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊  မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ဂျပန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများမှ လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

ယင်းနောက် မဲခေါင်-ဂျပန် ချစ်ကြည် ရေးနှစ်၂ဝ၁၉ ဆွေးနွေးပွဲ အစီအစဉ်များကို ဆက်လက်ကျင်းပရာ မဲခေါင်ဒေသတွင်း လူငယ်စွန့်ဦး တီထွင်သူများက ၎င်းတို့၏ အောင်မြင်သော စီမံကိန်း အတွေ့အကြုံများကို တင်ပြဆွေးနွေးကြပြီး ပြည်တွင်း ပြည်ပ စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် ပညာရှင်များက လုပ်ငန်းခွင်များ၏ အနာဂတ်-စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၏ အခွင့်အလမ်းများ ခေါင်းစဉ်ဖြင့်  စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။    

Read 11 times Last modified on Thursday, 15 August 2019 09:10