SJ WorldNews - шаблон joomla Авто

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Thursday, 15 August 2019 09:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁၄

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့်  နေပြည်တော်ကောင်စီဝင်၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  လုပ်ငန်းကော်မတီခြောက်ခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အမြဲတမ်း အတွင်းဝန်များ၊   ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကိုယ်စား Ecosystem  Conservation and Community Development Initiative (ECCDI) ဥက္ကဋ္ဌ ဒေါက်တာကျော်တင့်၊ ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများ ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာမျိုးသက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများထဲမှ ထူးခြားသည့် ဆောင်ရွက်ချက်များ အနေဖြင့် ''မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒ''၊ ''မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ''၊ ''မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ(၂ဝ၁၈-၂ဝ၃ဝ)''နှင့်''မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်း အစီအစဉ်(၂ဝ၁၈-၂ဝ၃ဝ)'' တို့ကို နိုင်ငံတော် အစိုးရက ချမှတ်ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊  ထို့ပြင်  ''မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့်  ပင်မလုပ်ငန်း အစီအစဉ် (၂ဝ၁၈-၂ဝ၃ဝ)''ကိုလည်း   ရေးဆွဲပြီးဖြစ်သည့်အတွက် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင်   ပလတ်စတစ် စွန့်ပစ်အမှိုက်များနှင့် အခြားစွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခြင်းမရှိသည့်အတွက် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ထိခိုက်စေသည့်အပြင် ထိုအမှိုက်များကြောင့် အထူးသဖြင့် မိုးတွင်းကာလတွင် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီးရေလျှံမှုပြဿနာများ ကြုံတွေ့နေရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ယနေ့အစည်းအဝေးတွင် ကော်မတီ၏ သုံးနှစ်ကျော် ကာလအတွင်း    ရရှိခဲ့သည့် အတွေ့အကြုံများ၊ အားနည်းချက်/အားသာချက်များအပေါ်တွင် အခြေခံပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင် အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး   အကြံပြုဆွေးနွေး သွားကြရန်နှင့်   သက်ဆိုင်ရာ ကဏ္ဍအလိုက်  အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးရန် ပြောကြားသည်။

ထို့နောက်   ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို သက်ဆိုင်ရာဝန်ကြီး ဌာနအဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ရေတို/ရေရှည် ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ နှစ်စဉ်ဘဏ္ဍာငွေ လျာထားချက်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ စောင့်ကြပ်ကြည့်ရှု သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက်   ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ  သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို   ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုချက်များနှင့် ဗဟိုကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို   ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေး ဆုံးဖြတ်ချက် ကိုးချက်ချမှတ်ခဲ့သည်။  ထို့နောက်  ဒုတိယ သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

Read 18 times Last modified on Thursday, 15 August 2019 09:31