SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီး သံအမတ် ခန့်အပ်လွှာ ပေးအပ်

Thursday, 15 August 2019 10:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၄

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာဂျင်းပေါလ် ဆန်နီဂါသည် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 17 times Last modified on Thursday, 15 August 2019 10:01