SJ WorldNews - шаблон joomla Авто

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ဆွေးနွေး

Thursday, 15 August 2019 10:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ကွာလာလမ်ပူမြို့အခြေစိုက်   မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာ သံအမတ်ကြီး Mr.Nikoloz Apkhazava အား ယနေ့ မွန်းလွဲ    နာရီတွင် လည်းကောင်း၊ ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ လူဇင်ဘတ် သံအမတ်ကြီး Mr.Jeam-Paul Senninger အား ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အနက် စိစစ်ပြီးသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နှစ်နိုင်ငံချင်း ညှိနှိုင်းဆွေးနွေးမှု အခြေအနေများနှင့် ယင်းလုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ကူညီဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့သည်။

အလားတူ ဂျော်ဂျီယာ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်  မြန်မာ-ဂျော်ဂျီယာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

လူဇင်ဘတ် သံအမတ်ကြီးနှင့် တွေ့ဆုံစဉ်   မြန်မာ-လူဇင်ဘတ်နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

Read 25 times Last modified on Thursday, 15 August 2019 10:43