SJ WorldNews - шаблон joomla Авто

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Friday, 16 August 2019 08:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၅

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး   ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များက တနင်္သာရီမြို့နယ်၊ ချောင်းငယ် ရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းကျောင်း နှင့် လယ်တောင်ယာကျေးရွာရှိ ကားလမ်း ရေကျော်သည့်နေရာများ၌ ခရီးသွားပြည်သူ များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် တပ်မတော်ဖိုက်ဘာလှေများဖြင့်   ကူညီ ရွှေ့ပြောင်းပေးသည်။

အလားတူ လောင်းလုံးမြို့နယ်၊ ရှင်မော် သွားကားလမ်းနှင့် ရှင်မော်စေတီဝင်းတို့၌ မြေသားများပြိုကျမှုအား နယ်မြေခံ တပ်မ တော်သားများက မြေသားများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း နှင့် စေတီအတွင်း ကျန်ရှိ ခဲ့သည့် ရွှံ့နွံများအား သန့်ရှင်းရေး ဆောင်ရွက်ပေးသည်။

ထို့ပြင် ထားဝယ်ခရိုင် ရေး-ထားဝယ်သွား ကားလမ်းမိုင်တိုင် အမှတ် ၈၀ အနီး မြေသား ပြိုကျခဲ့သည့် နေရာ၌ နယ်မြေခံ တပ်မတော် သားများနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန လမ်းအထူးအဖွဲ့များ ပူးပေါင်း၍ ယနေ့တွင် လမ်းပြုပြင် ပေးခြင်းနှင့် ဘေလီ တံတားပြုလုပ်ပေးခြင်း တို့အား ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 90 times Last modified on Friday, 16 August 2019 08:19