SJ WorldNews - шаблон joomla Авто

လောက်ကိုင်မြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသော တပ်မတော်ယာဉ်တန်းအား MNDAA အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

Friday, 16 August 2019 23:54 font size decrease font size decrease font size increase font size increase font size

လောက်ကိုင်မြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသော တပ်မတော်ယာဉ်တန်းအား MNDAA  အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၊ သြဂုတ် - ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့သွားရောက်သည့် တပ်မတော်ယာဉ်တန်းအား သြဂုတ်လ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် ချင်းရွှေဟော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့အရောက် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မိမိဘက်မှ အရာရှိ/စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်အနေဖြင့် တိုင်ရင်းသားပြည်သူလူတုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းအား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့် တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ  ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား (၃)ကြိမ်တိုင်တိုင် တစ်ဖက်သတ် ရပ်တန့်ပေးခဲ့သော်လည်း MNDAA  အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုကဲ့သို့ တပ်မတော်မှ အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်သွားလာသည့် ယာဉ်တန်းအား နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒသဘောထားမရှိခြင်း၊ ငြိမ်းချမ်းလုပ်ငန်းစဉ်များအပေါ် အမြတ်ထုတ်၍ တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းများကို အခွင့်ကောင်းယူကာ အလစ်အငိုက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

အဆိုပါ နယ်မြေတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက  နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 79 times Last modified on Friday, 16 August 2019 23:56