SJ WorldNews - шаблон joomla Авто

အကြမ်းဖက်သောင်းကျန်းသူများက ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်၌ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းသည် ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ခြင်း လုပ်ငန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့်ဖြစ်

Friday, 16 August 2019 23:57 font size decrease font size decrease font size increase font size increase font size

အကြမ်းဖက်သောင်းကျန်းသူများက ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်၌ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းသည် ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ခြင်း လုပ်ငန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့်ဖြစ်

နေပြည်တော်၊ သြဂုတ် - ၁၆

AA/ TNLA/ MNDAA အကြမ်းဖက်သောင်းကျန်းသူများမှ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေးယာဉ်၊ လမ်းတံတားနှင့် ကျောင်း/တပ်ဌာနချုပ် များအား တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်ပါသည်။

သောင်းကျန်းသူအဖွဲ့များအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်း၏ နောက်ခံ အကြောင်းအရင်းမှာ တပ်မတော်မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာအရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ချောင်းဆုံနေရာဝန်းကျင်တစ်ဝိုက်၌ ၎င်းတို့၏ မူးယစ်ဆေးဝါး ချက်လုပ်နေသည့် စခန်းများအား ရှာဖွေရှင်းလင်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ၎င်းစခန်းများမှ (WY + 88) ပန်းရောင်ဆေးပြား ၉၀၀၀ ပြား၊ အိုက်စ် ၇၅၀ ကီလို၊ (စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၆ ဘီလီယံကျော်) မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ၅ ဂါလန်ဆံ့ အက်ဆစ်ပုံး ၂၂၆၂ ပုံး၊ ၁၀ ဂါလန်ဆံ့အက်ဆစ်ပုံး ၃၅၆ ပုံး၊ ၅၀ ဂါလန်ဆံ့ အက်ဆစ်ပုံး ၁၉၅ ပုံး၊ အက်ဆစ်သံပီပါ ၄၇၈ လုံး၊ အက်ဆစ်ပုလင်း ၅၂၈၀ လုံး၊ အိတ်(အညို) (Washing Soda) ၉၀ အိတ်၊ အရိုးမီးသွေးအိတ် ၂၀ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယန် အိတ်ဇောဒိုက်) ၁၂၂၀ အိတ်၊ အဖြူရောင် အမှုန့် (ဆိုဒီယန်ဆာလ်ဖိတ်) ၅၀ အိတ်၊ လူနေတဲများနှင့် မူးယစ်ဆေးဝါးချက်ဆောင်တဲများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂတ်စ်အိုးအရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်းချောင်/ပေါင်းအိုး ၉၅ လုံး၊ မီးစက်(အကြီး) ၆ လုံး၊ ရေခဲသေတ္တာ ၃၀ လုံး၊ ဒီဖရီဇာ ၇ လုံး၊ အ၀တ်လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီးဗန်း ၄၀ ချပ်၊ စတီးမွှေစက် ၈ လုံး၊ ဆေးပြား ရိုက်စက် ၅ လုံး၊ ကတ္တား ၆ ခု၊ စတီးဇလုံ/စတီးဗန်း မျိုးစုံနှင့် ယာဉ် ၂ စီး အား သိမ်းဆည်း ရမိခဲ့သည်။

၎င်းအပြင် AA အမာခံဖြစ်သည့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသာကျော်၏ နေအိမ်၌လည်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်တွင် WY စာတန်းပါ စိတ်ကြွဆေးပြား ၂ သန်း ၅ သိန်းခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅ ဘီလီယံ)၊ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ ၎င်းတို့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသည့် စခန်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ခြင်းကြောင့် ၄င်းတို့၏အဓိကစီးပွားရေးလုပ်ငန်း ကြီးမားစွာ ထိခိုက်ခဲ့ရခြင်းအပေါ် AA/ TNLA/ MNDAA အကြမ်းဖက်သောင်းကျန်းသူများက မကျေနပ်သဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း TNLA အဖွဲ့နှင့် ၉ ကြိမ်၊ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ၂ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်များအနေဖြင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မော်ဟန်ဒေသတွင်လည်းကောင်း၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများနှင့် တာမိုးညဲ၊ ချင်းရွှေဟော် ဒေသတွင်လည်းကောင်း အသီးသီးထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များ၌ ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်စခန်းများအား ကာကွယ်ခြင်း၊ နယ်မြေကျော်လွန်  ၀င်ရောက်ခြင်း၊  တပ်မတော်၏ အုပ်ချုပ်မှုယာဉ်တန်း များအား တိုက်ခိုက်ခြင်းတို့ကြောင့်သာ တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်း အား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိ နေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား မည်သည့်ဖိအားမျှမရှိစေဘဲ လွတ်လပ်စွာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့် တပ်မတော် က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိလည်းကောင်း၊ ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက် အထိလည်းကောင်း တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့သော်လည်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒသဘောထားမရှိသည့်အပြင် အပြစ်မဲ့အရပ်သားများအားပစ်ခတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ တပ်မတော်မှ အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်သည့် စစ်ကြောင်း များနှင့် မော်တော်ယာဉ်များအား  ပစ်ခတ်ခဲ့ခြင်း၊ တစ်မျိုးသားလုံး လူညွန့်တုန်းစေမည့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။

ယခုကဲ့သို့ ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေးယာဉ်၊ လမ်းတံတားနှင့် ကျောင်း/တပ်ဌာနချုပ်များအား တိုက်ခိုက်ခဲ့ခြင်းသည် ၄င်းတို့ ပြောကြားသကဲ့သို့ တပ်မတော်မှ စစ်ရေးဖိအားပေးမှုကြောင့် တုံ့ပြန်တိုက်ခိုက်ရခြင်းမဟုတ်ဘဲ တပ်မတော်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကြောင့် ၄င်းတို့၏နစ်နာဆုံးရှုံးရခြင်း အတွက် တုံ့ပြန်ခြင်း၊ နယ်စပ်ကုန်သွယ်ရေး၌ အဓိကကျသည့်လမ်းကြောင်းအားဖျက်ဆီး၍ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့ရေးကို နှောင့်ယှက်ဖျက်ဆီးခြင်းနှင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်များအပေါ် အမှန်တကယ်ဆန္ဒမရှိသောလုပ်ရပ် ပြသခြင်းပင်ဖြစ်သည်။

၎င်းကဲ့သို့ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒမရှိသော လုပ်ရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် အမြတ်ထုတ်၍ အကြမ်းဖက်မှုများကျူးလွန်ခဲ့သော AA TNLA MNDAA အကြမ်းဖက်သောင်းကျန်းသူများအပေါ် လိုအပ်သည့် တုံ့ပြန်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

Read 107 times Last modified on Saturday, 17 August 2019 01:49