SJ WorldNews - шаблон joomla Авто

AA၊ TNLA၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးရန် အသင့်ပြုလုပ်ထားသည့် မိုင်းများနှင့် ခဲယမ်းဗုံးသီးများထပ်မံတွေ့ရှိ

Saturday, 17 August 2019 22:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၇

မန္တလေး - လားရှိုး - မူဆယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတားအား AATNLAMNDAA အကြမ်းဖက် သောင်းကျန်းသူများသည် သြဂုတ် ၁၅ ရက်နေ့တွင် ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်။

အဆိုပါတံတားအား ပြန်လည်ပြုပြင်နိုင်ရေးဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်နှင့် တပ်မတော်စစ်ကြောင်းများက စစ်သည်များဖြင့် မိုင်း ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ်  သြဂုတ် ၁၆ ရက်ညနေပိုင်းတွင် ဂုတ်တွင်းရဲစခန်း၊ ဂုတ်တွင်းတံတားအောက်ခြေနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တို့၌ ဖောက်ခွဲဖျက်ဆီးရန် အသင့်ပြုလုပ် ထားသော ပေါက်ကွဲမှုမရှိသေးသည့် ၅ ဂါလန်ဝင်ပလပ်စတစ်ပုံးများအတွင်း C-4 ယမ်းများ ထည့်ထား သည့် ဘတ္ထရီဖြင့် ရှော့ခ်တိုက်ခွဲရသော ဒေသန္တရမိုင်း ၃၃ ပုံး (၀.၅၃)တန်ခန့်၊  TNT ယမ်းတောင့်  ၁၆၀ တောင်(၈၀)ပေါင်၊ စနက်တံ ၂၂၂ ချောင်း၊  RPG  ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊  ၄၀ မမ ဗုံးသီး ၁ လုံးနှင့်  အီနာဂါ ဗုံးသီး ၂ လုံး စသည့် ခဲယမ်းဗုံးသီးများအား ထပ်မံဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည်။

AATNLAMNDAA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် သြဂုတ် ၁၅ ရက်ဖြစ်စဉ်တွင် အများပြည်သူအသုံပြုနေသည့် မန္တလေး - လားရှိုး - မူဆယ် ပြည်ောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတားအား လုံးဝပျက်စီးပြီး လမ်းပန်းဆက်သွယ်မှုပြတ်တောက်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့သော်လည်း တပ်မတော်စစ်ကူအဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ရွတ်ရွတ် ချွံချွအသက်ပေး ခုခံတိုက်ခိုက်မှုကြောင့် တံတားကြမ်းခင်းနှင့် အောက်ခြေတိုင်အချို့ကိုသာ ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ ပင်မရည်ရွယ်ချက်များ ပျက်ပြယ်ခဲ့ရသည်။

ဂုတ်တွင်းတံတား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ၄င်းဒေသ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေးတို့အတွက် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 77 times Last modified on Monday, 19 August 2019 09:57