SJ WorldNews - шаблон joomla Авто

မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း ကမ္ဘောဒီးယား အသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်

Monday, 19 August 2019 08:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  ၁၈

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ) ဒုတိယနေ့ကို ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာ အမျိုးသမီးအသင်း  ဂိုးပြတ်နိုင်ပွဲရယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် က္ဘောဒီးယား အသင်းနှင့်တွေ့ဆုံခဲ့ပြီး ၁၀ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည်  က္ဘောဒီးယား  အသင်းကို  ဂိုးပြတ်အနိုင်ရခဲ့သောကြောင့်  လက်ကျန်တစ်ပွဲအလိုတွင် ဗီယက်နမ် အသင်းနှင့်အတူ  ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် အရန် ကစားသမား များကို ထည့်သွင်း အသုံးပြုသည့် အပြင် ကမေ်္ဘာဒီးယားအသင်းက ခံစစ်ကို စုပြုံပိတ်ဆို့ကစားခဲ့သောကြောင့် ဗီယက်နမ်အသင်းကို   အသာရမည့်သွင်းဂိုးရရန် ရုန်းကန်ခဲ့ရသည်။

မြန်မာ အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးသည် ပွဲထွက် လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ခင်မာလာ ထွန်း၊ ရီရီဦး၊ ၀င်းသိဂီထွန်း တို့ကို အမာခံထားကာ ကစားသမားအများအပြား ပြောင်းလဲခဲ့သည်။ ထို့ကြောင့် ပထမ ပိုင်းတွင် ဂိုးရရန် ရုန်းကန် ခဲ့ရပြီး မိနစ် ၃၀ မှ ဂိုးစရခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို မေသူကျော်က သွင်းယူခဲ့ပြီး တစ်မိနစ်အကြာတွင် ခင်မာလာထွန်းက ဒုတိယဂိုး ထပ်သွင်းခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြန်မာအသင်းကစားပုံ ပိုကောင်းလာပြီး ပထမပိုင်းပြီးခါနီးတွင် ရီရီဦးက တတိယဂိုးသွင်းယူခဲ့သည်။  ဒုတိယပိုင်းတွင်   မြန်မာအသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့သော်လည်း မိနစ် ၆၀ မှ ဂိုးထပ်ရခဲ့ပြီး ၀င်းသိင်္ဂီထွန်းက သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးများဆက်တိုက်ရခဲ့ပြီး ၆၄ မိနစ်တွင် ခင်မိုးဝေ၊ ၇၃ မိနစ်တွင် ရီရီဦးတို့က ထပ်မံ သွင်းယူခဲ့သည်။ ၇၅ မိနစ်တွင် မြန်မာအသင်း ပယ်နယ်တီပေးခဲ့ရပြီး နီမိုလ်က သွင်းယူခဲ့သောကြောင့် က္ဘောဒီးယား အသင်း တစ်လုံးတည်းသော ချေပဂိုးရခဲ့သည်။   မြန်မာ အသင်းသည် ဂိုးထပ် မံရရန် တိုက်စစ်အား မြှင့်တင်ခဲ့ရာ ၇၉ မိနစ်တွင် သင်းသင်းယု၊ ၈၉၊ ၉၀+၂ မိနစ်တွင် ရီရီဦး၊ မိနစ် ၉၀ တွင် ၀င်းသိင်္ဂီထွန်းတို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။

အခြားပွဲတွင်   ဗီယက်နမ်အသင်းက အင်ဒိုနီးရှား အသင်းကို ခုနစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် အုပ်စု(ခ)၌ ဗီယက် နမ်အသင်းနှင့် မြန်မာအသင်းက နှစ်ပွဲကစား၊ နှစ်ပွဲနိုင်၊ ခြောက်မှတ်စီရရှိကာ ဆီမီးဖိုင်နယ် သို့တက်ရောက် သွားပြီး အုပ်စုနောက်ဆုံးပွဲ အဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းသည် သြဂုတ် ၂၀ ရက်တွင် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းသည် သွင်းဂိုး ၁၇ ဂိုးစီ တူညီနေသော်လည်း မြန်မာအသင်းက ပေးဂိုးတစ်ဂိုး ရှိခဲ့သောကြောင့် အုပ်စုပထမ နေရာရရန် နောက်ဆုံးပွဲတွင် ဗီယက်နမ် အသင်းကို အနိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Read 69 times Last modified on Monday, 19 August 2019 10:21