SJ WorldNews - шаблон joomla Авто

မန်တုံစွန်တံတားအား တပ်မတော်မှ ဘေလီတံတား ယာယီအစားထိုးတည်ဆောက်ပြီးစီး၊ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်

Monday, 19 August 2019 20:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၉

သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ သိန်းနီ- နမ့်ဆလပ်- ကွမ်းလုံ ကားလမ်းပေါ်ရှိနမ့်ဆလပ် အနီး မန်တုံစွန်တံတား၊ နားတီးကျေးရွာအထွက် (၃၁)မိုင်တံတား နှင့် (၄၁)မိုင် သံကူ ကွန်ကရစ် တံတား (ဗြုန်းတောင်) တို့အား AA ၊ TNLA၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ခဲ့ရသည်။

အဆိုပါဒေသ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေးနှင့် ဒေသခံပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက် ပေးပြီး နယ်မြေခံ စစ်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက ပျက်စီးသွားသည့် တံတား ၃ စင်းအနက် နမ့်ဆလပ် အနီး အလျား ၃၂ ပေ၊ အကျယ် ၂၉ ပေရှိ မန်တုံစွန်တံတား(၁၅/၃)မိုင်ကို အလျား ၃၀ ပေ၊ အကျယ် ၁၄ ပေရှိ ၁ လွှာ၊ ၁ ထပ် သံဘောင် ဘေလီတံတားခင်းခြင်းအား ယနေ့နံနက် ၆ နာရီခွဲခန့်မှစ၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ညနေ ၄ နာရီခန့်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ယာဉ်ကြီး/ငယ်များနှင့် ဒေသခံခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ အပိုင်းတစ်ပိုင်းအား ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် အဆိုပါလမ်းပိုင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့ သည့် (၄၁)မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)နှင့် နားတီးကျေးရွာ အထွက်(၃၁)မိုင်တံတား တို့ကိုလည်း ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေး အတွက် ပြုပြင်ဆောင်ရွက်ခြင်းများ အမြန်ဆုံးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ထို့အပြင် တပ်မတော်စစ်ကြောင်းများကလည်း အဆိုပါဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေစိုးမိုးရေးတို့အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသည့်အပြင် လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့ စေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

         

         

         

Read 65 times Last modified on Monday, 19 August 2019 22:41