SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်သို့ သွားရောက်လေ့လာ၊ စစ်သံရုံးအရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းသားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ

Monday, 19 August 2019 21:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော International  Army  Games-2019 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် မော်စကိုမြို့အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာ ယဉ်ကျေးမှုပေါင်းစုံပြတိုက် ပန်းခြံသိုသွားရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကမ္ဘာ့ရွာယဉ်ကျေး မှုပေါင်းစုံပြတိုက် ပန်းခြံသို့ရောက်ရှိရာ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပန်းခြံပြတိုက်ဥက္ကဋ္ဌ Mr. Ruslan နှင့်အဖွဲ့က ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရွှေစည်းခုံစေတီတော် ပုံစံတူတည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပြတိုက်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ပရိဝုဏ် အတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့တောင်အာရှပြခန်း၊ ရုရှားနှင့် ဥရောပနိုင်ငံပြခန်းတို့တွင်ပြသထားသော မင်းကွန်းဆရာ တော်ဘုရားကြီး နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်ချုပ် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ အပါအ၀င် ဘာသာရေးခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ၊ အတွေးအခေါ် ပညာရှင်ကြီးများနှင့် အထင်ကရပုဂ္ဂိုလ်များ၏ ပုံတူ ထုဆစ်ထားသည့် ရုပ်တုများအား  လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ကြ သည်။

ကမ္ဘာ့ရွာယဉ်ကျေးမှု ပေါင်းစုံပြတိုက်ပန်းခြံသည် ရုရှားနိုင်ငံတွင် လူမျိုးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြီးဆုံးပြတိုက် ပန်းခြံတစ်ခုဖြစ်ပြီး ရုရှားလူမျိုးများနေထိုင်ခဲ့သည့် အိမ်ပုံစံတူများ၊ အသုံးအဆောင် ပစ္စည်းများနှင့် နေထိုင်စားသောက်မှုပုံစံများ၊ ဥရောပနိုင်ငံများနှင့် အရှေ့တောင် အာရှနိုင်ငံများမှ နိုင်ငံပေါင်း ၂၅၂ နိုင်ငံ၏ နိုင်ငံအလိုက်နေထိုင်မှုပုံစံများနှင့် ယဉ်ကျေးမှုဆိုင်ရာပြခန်းများအား မြေဧရိယာအကျယ်အ၀န်း စတုရန်းမီတာ တစ်သောင်းကျော်ပေါ်၌ ၂၀၀၆ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပိတ်ရက်မရှိ အမြဲဖွင့်လှစ်ထားရှိပြီး ကမ္ဘာလှည့် ခရီးသွားများနှင့် ရုရှားပြည်သူများ နေစဉ်လာရောက် လေ့လာအပန်းဖြေ ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကမ္ဘာ့ရွာယဉ်ကျေးမှု ပေါင်းစုံပြတိုက်အတွင်း သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ ပုံစံတူစေတီတော်မှာ ရင်ပြင်တော်အကျယ် အလျား ၉၅ပေ၊ အနံ ၈၈ပေ၊ ဂန္ဓကုဋိတိုက် အကျယ်ပတ်လည် ၃၇ ပေရှိပြီး စေတီတော်အမြင့် အောက်ခံခုံ ၁၉ ပေ၊ာဏ်တော်အမြင့် ၃၅ ပေရှိကာ စေတီတော်၏စုစုပေါင်း အမြင့် ၅၄ ပေ ရှိမည်ဖြစ်သည်။ ထို့အတူ စေတီတော်ပုရိဝုဏ်အတွင်း၌လည်း ထိုင်တော်မူ၊ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား တည်ထား ကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုယ်စားလှယ် အဖွဲ့ဝင်များ လိုက်ပါလျက် စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားအရာရှိများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အမှာစကား ပြောကြားကာ  ညစာအတူတကွ သုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်အပြီးတွင် စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားအရာရှိများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 71 times Last modified on Monday, 19 August 2019 21:15