SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

Monday, 19 August 2019 22:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော International  Army  Games - 2019 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုရှိ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံး ဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Russia Space System သို့ ရောက်ရှိ ကြရာ Director Ivan KULTYSHEV နှင့်ဌာနအလိုက် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး Space System ၏အလုပ်လုပ်ပုံ၊ ဂြိုဟ်တုလွှတ်တင်မှုများနှင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ထိန်းချုပ်မှုစနစ်များ၊ ရာသီဥတုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်အလက်များရယူမှု အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည် များ မေးမြန်းဆွေးနွေးသည်။ ထို့နောက် Space Systemအတွင်း ဂြိုဟ်တုဆက်သွယ်ရေး ထိန်းချုပ်မှု စနစ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု များအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေး ခဲ့ကာ အစည်းအဝေးခန်းမတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာ ပြခန်းများသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး ပြခန်းများ၊ ရုပ်တုများ၊ အပန်းဖြေဥယျာဉ်များနှင့် အာကာသပြတိုက်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ Exhibition of Achievements of National Economy ကို ၁၉၃၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ပြခန်းများ အဖြစ်စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၈၆ ခုနှစ်အထိ ဆိုဗီယက် ပြည်ထောင်စုဆိုင်ရာ ပြခန်းများအဖြစ် အသုံးပြုခဲ့ပြီး ၂၀၁၃ နောက်ပိုင်းတွင် ရုရှားနိုင်ငံလုံး ဆိုင်ရာပြခန်းများ အဖြစ် အသုံးပြုခဲ့ကြောင်းနှင့် စုစည်းပြသထားသော ကမ္ဘာ့အကြီးဆုံး ပြခန်းများစာရင်းတွင် အဆင့် ၅၀ အတွင်းပါဝင်ကြောင်း သိရှိရပြီး ဧရိယာစတုရန်းမီတာ ၂၃၇၅၀၀၀ ခန့်ကျယ်ဝန်းသည်။ ပြခန်းပေါင်း ၁၃ ခုနှင့် အဆောက်အဦပေါင်း ၇၅ လုံးခန့်ရှိပြီး လက်နက်ပြခန်း၊ စက်ရုပ်ပြခန်း၊ နည်းပညာဆိုင်ရာပြခန်း၊ မော်စကိုပုံစံငယ်၊ ပညာရေးဆိုင်ရာပြခန်း၊ သမိုင်းကြောင်း ပြတိုက်၊ ကြွေထည်ပြခန်း၊ လေယာဉ်ပြခန်းနှင့် ငါးပြတိုက်တို့ ပါဝင်ကြောင်း သိရှိရသည်။ အာကာသပြတိုက်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အာကာသနှင့် ပတ်သက်သည့် ပုံစံငယ်ပေါင်း ၁၂၀ ကျော်နှင့် အခြားသော ပစ္စည်းအမျိုးအစားပေါင်း ၂ ထောင်ကျော် ခင်းကျင်းပြသထားသည်။

အဆိုပါ အာကာသပြခန်းတွင် ရုရှားနိုင်ငံမှ ပထမဆုံးလွှတ်တင်ခဲ့သော ပုံစံတူဂြိုဟ်တု၊ အာကာသ အတွင်းသို့ ပထမဆုံးသက်ရှိ သတ္တ၀ါအဖြစ် စေလွှတ်ခဲ့သော ခွေးကလေး   Laika  လိုက်ပါခဲ့သော ပုံစံတူဂြိုဟ်တု၊ မီယာအာကာသစခန်း ယာဉ်ပုံစံတူအပါအ၀င် ရုရှားနိုင်ငံမှ အာကာသသို့စေလွှတ်သော ဒုံးပျံနှင့်ဂြိုဟ်တုများ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာများနှင့် အာကာသပညာကို စိတ်ပါဝင်စားသူများ၊ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် တက်ရောက် နေကြသူများ အတွက် စိတ်ဝင်စားဖွယ်ရာ ပြည်စုံစွာ ခင်းကျင်းပြသထားသည်ကို တွေ့ရှိရကြောင်းနှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံး ဆိုင်ရာပြခန်းများသို့ ၀င်ကြေး အခမဲ့ဖြင့်ဝင်ရောက် ခွင့်ပြုထားပြီး ကမ္ဘာလှည့်ခရီးသွားများ၊ လာရောက်လေ့လာ အပန်းဖြေသူများ၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများဖြင့် အမြဲမပြတ် စည်ကားလျက် ရှိကြောင်း သတင်းရရှိသည်။

 

Read 85 times Last modified on Monday, 19 August 2019 22:47