SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၉၉ ဦးထိရှိလာ ….

Tuesday, 20 August 2019 08:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်  ၁၉

နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၁၉ ရက်အထိ သေဆုံးသူ ၉၉ ဦးထိ ရှိလာပြီး ပိုးတွေ့လူနာ  ၅၅၂ ဦးထိရှိလာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန  ဗဟို ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၏ ဓာတ်ခွဲအတည်ပြု သေဆုံးစာရင်း များအရ သိရသည်။

ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 ကြောင့် သြဂုတ် ၁၆ ရက်အထိ သေဆုံးလူနာ ၉၆ ဦးရှိခဲ့ရာ သြဂုတ် ၁၉ ရက်တွင် ပဲခူးတိုင်း ဒေသကြီးမှ သေဆုံးသူ တစ်ဦး၊ ရခိုင်ပြည်နယ်မှ  သေဆုံးသူ တစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ သေဆုံးသူ တစ်ဦး ရှိ လာသောကြောင့် စုစုပေါင်း ၉၉ ဦးအထိ တိုးလာကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း ရာသီတုပ်ကွေး ရောဂါ A(H1N1)pdm 09 ကြောင့် သေဆုံးမှုများ ဖြစ်ပေါ်နေပြီး                                    ရန်ကုန် တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ ပိုးတွေ့လူနာ ၂၅၇ ဦးရှိပြီး သေဆုံးသူ ၆၆ ဦး ထိရှိနေကြောင်း၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သေဆုံးသူ    ၃၃ ဦးရှိနေပြီဖြစ်ကြောင်း၊  ရာသီတုပ်ကွေးရောဂါ A(H1N1)pdm 09 သံသယဖြင့် ဓာတ်ခွဲစစ်ဆေးသူ ၁၃၂၇ ဦး ထိရှိလာကာ ပိုးတွေ့လူနာ ၅၅၂ ဦးရှိလာကာ ယခင်ထက် များပြား လာကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 90 times Last modified on Tuesday, 20 August 2019 08:48