SJ WorldNews - шаблон joomla Авто

(၁၄)ကြိမ်မြောက် ကမ္ဘာ့ ရိုးရာ နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူး ရရှိထား

Thursday, 22 August 2019 09:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၁

ထိုင်းနိုင်ငံ ပတ်္တရားမြို့၌ ကျင်းပလျက်ရှိသော (၁၄)ကြိမ်မြောက် ကမာ့ ရိုးရာ နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ (14th World Dragon Boat Racing Championship) ပထမနေ့ ပွဲစဉ်များကို  ဒေသစံတော်ချိန် နံနက် ၉ နာရီမှ  စတင် ယှဉ်ပြိုင် ကစားရာ မြန်မာအသင်းက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု  ပွဲဦးထွက် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ပွဲစဉ်များအဖြစ် ယူ-၂၄ အမျိုးသား/အမျိုးသမီးအရော  ၁၀ တက်လှော် မီတာ ၂၀၀၀ ပွဲစဉ်တွင်   မြန်မာအသင်းက ၉ မိနစ် ၂၇ ဒသမ ၉၈၀ စကန့် စံချိန်ဖြင့် ပထမ၊ ကနေဒါအသင်းက ၉ မိနစ် ၃၂ ဒသမ ၈၄၀ စကန့် ဖြင့် ဒုတိယ၊ သြစတြေးလျ အသင်းက ၉ မိနစ် ၅၀ ဒသမ ၂၂၀ စကန့် ဖြင့် တတိယရရှိပြီးမြန်မာအသင်းက ပွဲဦးထွက် ရွှေတံဆိပ်ဆု စတင်ရရှိပြီး ဒုတိယပွဲအဖြစ် နံနက်၁၀ နာရီ ၆ မိနစ်တွင်  ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ  အမျိုးသား/အမျိုးသမီး အလွတ်တန်း ပွဲစဉ်၌ မြန်မာအသင်း စတုတနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။   ယင်းပွဲစဉ်၌ အီတလီ ပထမ၊ ထိုင်း ဒုတိယ၊ ကနေဒါအသင်း တတိယရရှိခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင် ယှဉ်ပြိုင်သော ယူ ၂၄ အမျိုးသမီးပွဲစဉ်၌ မြန်မာအသင်း  ဒုတိယမြောက် ရွှေတံဆိပ် ရယူနိုင်ခဲ့သည်။ ယင်းပွဲစဉ်၌ မြန်မာယူ ၂၄ အမျိုးသမီး အသင်းမှာ ၁၀ မိနစ် ၂၈ ဒသမ ၇၉၇ စက်္ကန့်ဖြင့် ရွှေတံဆိပ် ဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းက ၁၀မိနစ် ၃၁ ဒသမ ၈၅၄ စကန့် ဖြင့် ဒုတိယ၊ အမေရိကန် အသင်းက ၁၀ မိနစ် ၅၁ ဒသမ ၂၇၃ စကန့် ဖြင့်  တတိယရရှိခဲ့သည်။

မွန်းလွဲ ၁ နာရီ ၄၂ မိနစ်တွင် ယှဉ်ပြိုင်ကစားခဲ့သော ယူ ၂၄ အိုးပင်း ပွဲစဉ်တွင် မြန်မာယူ ၂၄ အမျိုးသား အသင်းသည် ၉ မိနစ် ၃၉ ဒသမ ၀၉၃ ဖြင့် ဒုတိယဆုရရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းက ၉ မိနစ် ၁၇ ဒသမ ၅၂၅ ဖြင့် ပထမ၊ သြစတြေးလျ အသင်းက ၉ မိနစ် ၄၇ ဒသမ ၇၅၈ ဖြင့် တတိယရရှိခဲ့ပြီး အမျိုးသမီးအ လွတ်တန်းပွဲစဉ်တွင် ထိုင်းအသင်း ပထမ၊ တရုတ် အသင်း ဒုတိယနှင့် မြန်မာအသင်း   တတိယ အသီးသီး ရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ နဂါးလှေအဖွဲ့ချုပ် (International Dragon Boat Federation-IDBF) က ကြီးမှူး ကျင်းပမည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ ရိုးရာ နဂါးလှေချန်ပီယံ ရှစ်ပြိုင်ပွဲ  (14th World Dragon Boat

Racing Championship) ကို ထိုင်းနိုင်ငံ၊ ပတ်္တရားမြို့၌ သြဂုတ် ၂၀ ရက်မှ ၂၅ ရက် အထိကျင်းပမည်ဖြစ်ရာပြိုင်ပွဲတွင်  အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ဂရိတ်ဗြိတိန်၊ ရှရှား၊ ယူကရိန်း၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ တရုတ်တိုင်ပေ၊ အီရန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမော ဒီးယားနှင့် အိမ်ရှင်ထိုင်း အစရှိသည့်  ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၃၀   အသင်းအုပ်ချုပ်သူများ၊   နည်းပြများနှင့် ကစားသမားများ ကစားသမားပေါင်း ၄၀၀၀ခန့် ပါဝင် ယှဉ်ပြိုင်ကြကာ ပထမနေ့အပြီးတွင် မြန်မာ အသင်းက ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ် တစ်ခု  ပွဲဦးထွက် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ကျော်လွင်

Read 102 times Last modified on Thursday, 22 August 2019 09:04