SJ WorldNews - шаблон joomla Авто

ရေဘေးသင့်ဒေသများအတွက် ရေယာဉ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

Thursday, 22 August 2019 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၂၁

အမျိုးသားသဘာဝဘေးအန်္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက်္ကဋ္ဌ ဒုတိယသမတ ဦးဟင်နရီ ဗန်ထီးယူသည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမတ အိမ်တော် ဒုတိယသမတ ဦးစီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည့် ရေဘေးသင့် ဒေသများအတွက် ရေယာဉ်တစ်စင်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက် သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မြင့်ထွေးနှင့် နိုင်သက်လွင်၊ ဒုတိယ ၀န်ကြီးများဖြစ်ကြသည့်  ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊  အမြဲတမ်း အတွင်းဝန်များနှင့်   တာဝန်ရှိ သူများ တက် ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယ သမတ ဦးဟင်နရီ ဗန်ထီးယူက အမှာစကား ပြောကြားသည်။

ထို့နောက်  TINT  TINT  MYANMAR GROUP OF COMPANIES ဥကဋ္ဌ ဒေါ်တင့်တင့်လွင်က ရေယာဉ် လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ်္မတ ဦးဟင်နရီ ဗန်ထီးယူထံ TINT  TINT  MYANMAR  GROUP  OF  COMPANIES ဥကဋ္ဌ က   ရေယာဉ်ဆိုင်ရာ စာရွက် စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ  ဒုတိယ သမတက ဂုဏ်ပြု မှတ်တမ်းလွှာ   ပြန်လည် ပေးအပ်ပြီး    အခမ်းအနားကို    ရုပ်သိမ်းလိုက်သည်။

အဆိုပါရေယာဉ်ကို ၂၀၁၇ ခုနှစ်တွင် ပြည်တွင်း၌ တည်ဆောက်ခဲ့ပြီး အလျား ၁၀၅ပေ၊ အနံ ၁၈ ပေနှင့် အနက် ၆ ပေရှိကာ NISSAN  RH  (10)  200063  E  (410)BHP အင်ဂျင် အမျိုးအစားကို အသုံးပြုထားကြောင်း၊ ရေယာဉ် ပေါ်တွင် အရေးပေါ် ခွဲစိတ်ခန်းသုံး ပစ်္စည်းများ၊ အောက်ဆီဂျင်ဘူးများ၊ အရေးပေါ် ကယ်ဆယ်ရေး ဆေးပစည်းများ ပါရှိပြီး လူနာ ခုတင်ခြောက်လုံးမှ ၁၀ လုံးအထိတပ်ဆင်၍ Mobile   Clinic အဖြစ် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။                       

 

Read 125 times Last modified on Thursday, 22 August 2019 09:43