SJ WorldNews - шаблон joomla Авто

ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲများကြောင့်ပိတ်မိနေသည့် နိုင်ငံခြားသားများအား တပ်မတော်မှ ကူညီပို့ဆောင်

Thursday, 22 August 2019 15:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ်-၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာနိုင်ငံ၏ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများ အား ကူညီဆောင်ရွက်ရန် အတွက် ရောက်ရှိနေသည့် Go and Love Foundation မှ Mrs. Chou Wei Kuo ဦးစီး ၂၈ ဦးသည် ကွတ်ခိုင်မြို့ရှိ အခြေခံပညာကျောင်း၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှ စ၍ ပညာရည်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် AA/TNLA/MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ မြို့/ရွာများအား တိုက်ခိုက်မှု၊ လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကွတ်ခိုင်မြို့ရှိ K.K Guest House ၌ သြဂုတ်လ ၁၅ ရက်နေ့မှစ၍ ပိတ်မိနေခဲ့သည်။

အဆိုပါ နိုင်ငံခြားသားများအား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တပ်မတော်(လေ)မှ ရဟတ်ယာဉ် ဖြင့် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့လည်းကောင်း၊ ဆက်လက်၍ တပ်မတော်လေယာဉ်ဖြင့် လားရှိုးမြို့မှ ရန်ကုန်မြို့သို့ လည်းကောင်း အန္တရာယ် ကင်းရှင်းစွာ ကူညီ ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Read 105 times Last modified on Thursday, 22 August 2019 16:48