SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

Thursday, 22 August 2019 15:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ သြဂုတ် - ၂၂

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြောင်းပြ၍ နိုင်ငံတကာ မှ မြန်မာနိုင်ငံ အပေါ် ဖိအားပေးဆောင်ရွက်နေမှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ယင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ် သားသား ကန့်ကွက် ရှုတ်ချကြောင်းနှင့် တရုတ်နိုင်ငံ၏ရပ်တည်ချက် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်မှု ရရှိရန်နှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

         

 

Read 111 times Last modified on Thursday, 22 August 2019 15:12