SJ WorldNews - шаблон joomla Авто

နမ့်စန်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Friday, 23 August 2019 23:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ သြဂုတ် - ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် နားပွဲကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ၁၀ လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ အိုက်စ်ထည့်သည့်ဗန်း ၇ ဗန်း၊ ဂက်စ်အိုး ၇၅၇ လုံး၊ အက်ဆစ်ပုံး ၇၀၈ လုံး၊ ကြိတ်စက် ၁ လုံး၊ ဆီတိုင်ကီ ၅ လုံး၊ မီးစက်ကြီး ၁ လုံး၊ ဒီဂျစ်တယ်ကတ္တား ၃ လုံး၊ ဆေးချက်ပေါင်းအိုး ၁၄ လုံး၊ ကော်ဇလုံ ၁၀၇ လုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ထည့်ထား သည့် သံပေပါ ၅၈ လုံး၊ ပေပါအခွံ ၁၁၀ လုံး၊ အိုက်စ် ၁၅၀ လီတာဆံ့ ၁ ပုံးနှင့် မော်တော်ယာဉ် ၁ စီး တို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်စဉ် ညနေ ၅ နာရီခန့်တွင် အဆိုပါနေရာ၏ တောင်ဘက် မီတာ ၇၀၀ ခန့် အကွာ၌ ဘိန်းဖြူမှုန့်/ခဲ ၄ ဒသမ ၅ ကီလိုဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၁၈ ဒသမ ၁၄ ကီလိုဂရမ်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၀၀၀ ပြား၊ ဘိန်းမဲအရည် ၂၀ ဂါလန်၊ ဂက်စ်အိုး ၂ လုံး၊ ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၂ လုံး၊ အက်ဆစ်အရည်ထည့်ထားသည့် ပေပါ ၃ လုံး၊ ဆေးချက်ကန် ၆ ကန်၊ မိုးကာတဲ ၅ လုံး၊ အရက်ပြန် ၁၀ လီတာ၊ အနံ့ဆေးဗူး(အကြီး/အသေး)၁၈ ဗူး၊ ဆေးဗူးမျိုးစုံ ၅၉ ဗူးနှင့် CCL တံဆိပ်ပါ အဖြူရောင်အတုံး ၂၀ တုံးတို့အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ယနေ့နံနက် ၁၀ နာရီခန့်တွင် မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းမှ တိမ်းရှောင်လာသူများဟု သံသယရှိသူများအနက် ပန်ကေတုကျေးရွာအနီးမှ  ၁၇ ဦး၊ ၀မ်ဖွန်း ကျေးရွာအနီးမှ ၇ ဦး၊ မက်လန်း ကျေးရွာအနီးမှ ၁၅ ဦး၊ စုစုပေါင်း မသင်္ကာဖွယ် ၃၉ ဦး အား တွေ့ရှိရ၍ သက်ဆိုင်ရာမှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် နောင်ပိန်းကျေးရွာတ၀ိုက် အသေးစိတ် ထပ်မံ ရှင်းလင်းရှာဖွေခဲ့ရာ ၁၁ နာရီခန့်တွင် ကျေးရွာ၏ အရှေ့ဘက်မီတာ  ၁၅၀၀ အကွာ၌ သွပ်မိုးတဲ ၅ လုံး၊ WY စိတ်ကြွ ဆေးပြားများထည့်ထားသည့် ဆာလာအိတ် ၂၇ အိတ် (ဆေးပြား အရေအတွက်စိစစ်ဆဲ)၊ မူးယစ် ဆေးဝါးရိုက်စက် ၄ လုံး၊ ဆေးစပ်စတီးဗန်း ၁၀ ဗန်း၊ ဂက်စ်အိုး ၆၀၀ လုံး၊ ပွိုင့် ၂၂ သေနတ်  ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် ၄ စီးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား နမ့်စန်မြို့ရှိ မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားစေမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အားသွန်ခွန်စိုက် ကြိုးပမ်းနှိမ်နင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအနေဖြင့် ဘိန်းဖြူ ၁၇၁ ဒသမ ၇၅၈ ကီလို၊ ဘိန်းဘိမ်း ၂၃၉ ဒသမ ၆၄၁၆ ကီလို၊ ဘိန်းမဲ ၆၀ ဒသမ ၇၅၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၂၉၅၈၈၈ ပြား၊ အိုက်စ် ၅၀၆၉ ဒသမ ၉၁၂ ကီလို၊ အခြားဆက်စပ်ပစ္စည်း ၁၀၈၄၈ ဒသမ ၁၃ ကီလို(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံ) ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

Read 77 times Last modified on Friday, 23 August 2019 23:17