SJ WorldNews - шаблон joomla Авто

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်

Friday, 23 August 2019 23:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဇူလိုင် - ၂၃

၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် AA၊ TNLA၊ MNDAA အကြမ်းဖက် သောင်းကျန်းသူများက ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်များရှိ မူးယစ်ဆေးရှာဖွေရေးစခန်း၊ စစ်ဆေးရေးယာဉ်၊ လမ်းတံတားနှင့် တပ်ကျောင်း/ဌာနချုပ်များအား ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ခဲ့သည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများနှင့် ပတ်သက်၍ တပ်မတော်သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင်နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်၌ ပြုလုပ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့မှ ရှင်းလင်း ပြောကြားခဲ့ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်များ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင် သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများ စုစုပေါင်းသတင်း ဌာန ၂၉ ခုမှ သတင်းထောက် ၄၉ ဦး တက်ရောက်ခဲ့ကြသည်။

၎င်းနောက် တက်ရောက်လာကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံကို မြ၀တီမီဒီယာ  (YouTube Channel)တွင် ဗီဒီယိုဖိုင်အား ကြည့်ရှုနိုင်ပြီး နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 67 times Last modified on Friday, 23 August 2019 23:19