SJ WorldNews - шаблон joomla Авто

မြန်မာအသင်း ခြေစစ်ပွဲ အတွက် စေတနာ့ဝန်ထမ်းများ ခေါ်ယူ

Monday, 26 August 2019 09:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် မြန်မာ့လက်ရွေးစင် အသင်းနှင့်   ဂျပန် လက်ရွေးစင် အသင်းတို့    ယှဉ်ပြိုင် မည့် ၂၀၂၂  ကမာ့ဖလားခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲတို့အတွက်  စေတနာ့ ၀န်ထမ်းများ ခေါ်ယူလျက် ရှိ သည်။

အဆိုပါ ခြေစစ်ပွဲကို စက်တင်ဘာ ၁၀ ရက် ည ၆ နာရီ မိနစ် ၅၀ တွင် သုဝဏ အားကစားကွင်း၌ကျင်းပမည်ဖြစ်ပြီး ယင်း ပွဲစဉ်အတွက် စေတနာ့ဝန်ထမ်း လုပ်ကိုင်လိုသူများ အနေဖြင့် ဘောလုံး အားကစားကို စိတ်ဝင်စားသူ မည်သူမဆို စက်တင်ဘာ    ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်  g-mail ဖြစ်သည့်  media @mff-ma.com သို့ ပတ်စ်ပို့ ဓာတ်ပုံတစ်ပုံနှင့် ကိုယ်ရေး အချက်အလတ်တို့ဖြင့် ပေးပို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယ အဆင့်ခြေစစ်ပွဲတွင် အုပ်စု (F)   ဂျပန်၊ ကာဂျစတန်၊ တာဂျစ်ကစတန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ကျရောက်နေပြီး အုပ်စုအဖွင့် ပွဲစဉ်အဖြစ် စက်တင် ဘာ ၅ ရက်တွင် မွန်ဂိုလီးယား အသင်းနှင့် အဝေးကွင်း စတင် ကစားရမည်ဖြစ်သည်။        

TZW

Read 80 times Last modified on Monday, 26 August 2019 10:04