SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် ၂၃သင်း ဖြတ်သန်းခဲ့ရာလမ်းကြောင်း

Thursday, 12 October 2017 11:42 font size decrease font size decrease font size increase font size increase font size

၂ဝ၁၈ ခုနှစ်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် ခြေစစ်ပွဲတွေ ကို လပေါင်းများစွာ ကစားခဲ့ရာမှာ အောက်တိုဘာ ၁၁ ရက်မှာတော့ ခြေစစ်ပွဲအောင်အသင်း ၂၃ သင်းထွက် ပေါ်လာပါပြီ။ ရုရှားက အိမ်ရှင်ဖြစ်လို့ အလိုအလျောက် ခြေစစ်ပွဲအောင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့  အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ စပိန်တို့လည်း မျှော်လင့်တဲ့အတိုင်း ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့ကြပါတယ်။ အိုက်စ လန်နဲ့ ပနားမား အသင်းတို့က ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ခဲ့ကြပြီး တောင်အမေရိက ဇုန်မှာတော့ နောက်ဆုံးနေ့ပွဲစဉ်ပြီးမှ နာမည်ကြီး အာဂျင်တီးနားက ဘရာဇီးနဲ့အတူ ခြေစစ်ပွဲတိုက်ရိုက် အောင်နိုင်ခဲ့ ပါတယ်။ အသင်းတွေ ဘယ်လို ခြေစစ်ပွဲအောင် လာသလဲဆိုတာကို အတိုချုံးဖော်ပြလိုက်ပါတယ်။

ဥရောပဇုန်

ရုရှား

ရုရှားက အိမ်ရှင်ဖြစ်လို့ အလိုအလျောက် ခြေစစ်ပွဲ အောင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကစားတဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲက ၂ဝ၁၄ ခုနှစ်ပြိုင်ပွဲဖြစ်ပါတယ်။ အအောင် မြင်ဆုံးက  ၁၉၆၆ ကမ္ဘာ့ဖလားပွဲမှာ အဆင့်(၄) နေရာ ရခဲ့ခြင်းဖြစ် ပါတယ်။ ခြေစစ်ပွဲမကစားရတာကြောင့် ရုရှားက တခြားအသင်းတွေ ခြေစစ်ပွဲကစားနေချိန်မှာ ခြေစစ်ပွဲတွေကစားခဲ့လို့ ဇွန် ၁၄ ရက် လုဇ်နီကီကွင်း ကြီးမှာ ကစားရမယ့် ကမ္ဘာ့ဖလားအုပ်စု (က) အဖွင့်ပွဲ စဉ်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားနိုင် မယ်လို့ မျှော်လင့်ရပါတယ်။

ဘယ်လ်ဂျီယံ

အုပ်စု (ဇ) မှာ အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲအောင်ခဲ့ ပြီး နောက်ဆုံးကစားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ၂ဝ၁၄ ပြိုင်ပွဲဖြစ် ပါတယ်။ အမြင့်ဆုံးအောင်မြင်မှုက ၁၉၈၆ပြိုင်ပွဲမှာ အဆင့်(၄) နေရာရခဲ့ခြင်းပါ။ စပိန်နိုင်ငံသား နည်းပြ  မာတီနက်ဇ် လက်ထဲမှာ   ဘယ်လ်ဂျီယံက ဥရောပဇုန်ခြေစစ်ပွဲမှာ   အုပ်စုချောင်ပြီး  ပြီးခဲ့တဲ့လ ကတည်းက  စောစီးစွာ ခြေစစ်ပွဲ အောင်နိုင်ခဲ့ပါတယ်။  အကောင်းဆုံးမျိုးဆက်ေ ဘာလုံးသမားတွေကိုလည်း ပိုင်ဆိုင်ထားလို့ ခြေစစ်ပွဲ တစ်လျှောက် ဂိုးတွေလည်း အများအပြား သွင်းနိုင်ခဲ့ပါတယ်။

.

အင်္ဂလန်

အုပ်စု (စ) မှာ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်ပြီး  နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပါတယ်။ အမြင့်ဆုံးအောင် မြင်မှုက  ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ်။ နည်းပြ ဆောက်ဂိတ်လက်ထဲမှာ အင်္ဂလန်က ခြေစစ်ပွဲကို သက်သောင့်သက်သာနဲ့ အောင်နိုင်ခဲ့ တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်က ဆလိုဗေးနီးယားကို နိုင်တဲ့ ပွဲအပြီး ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရလဒ်ပိုင်းက အားရ စရာမရှိလို့ ၁၉၆၆ ကမ္ဘာ့ဖလား အောင်မြင်မှုမျိုး ပြန်ရနိုင်ဖို့ အလှမ်းဝေးပါတယ်။

............

ပြင်သစ်

အုပ်စု (က) မှာ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်ခဲ့ တဲ့အသင်းပါ။ ၂ဝ၁၄ ကမ္ဘာ့ဖလားပွဲလည်း ကစားခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုက ၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ခြင်းပါ။  ပြင်သစ်က ဒီခြေစစ်ပွဲမှာ ဆွီဒင်နဲ့ နယ်သာလန် တို့ကို လေးမှတ်ဖြတ်ပြီး ခြေစစ်ပွဲအောင် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဘီလာရုစ်ကို ၂ ဂိုး- ၁ ဂိုးနဲ့နိုင်တဲ့ပွဲအပြီး တိုက်ရိုက် ခြေစစ်ပွဲအောင် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂ဝ၁၆ ပြိုင်ပွဲမှာ အိမ်ရှင် ဖြစ်ပြီး ဗိုလ်လုပွဲမှာ ပေါ်တူဂီကို ရှုံးခဲ့ရတဲ့ သူတို့အသင်း ခြေစွမ်းက လာမည့်ကမ္ဘာ့ဖလားမှာ အောင်ပွဲခံနိုင်ဖို့ ဆိုရင် ထပ်ပြီး တိုးတက်ဖို့ လိုပါသေးတယ်။

...............

ဂျာမနီ

အုပ်စု (ဂ) မှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ၂ဝ၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲထားသလို ၁၉၅၄၊ ၁၉၇၄၊ ၁၉၉ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း ဗိုလ်စွဲနိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။ အခုကစားတဲ့ခြေစစ်ပွဲ ၁ဝ ပွဲစလုံးလည်း အနိုင်ရ ခဲ့ပြီး ဒုတိယနေရာက မြောက်အိုင်ယာလန်ကို  ၁၁ မှတ်အထိ ဖြတ်နိုင်ခဲ့သလို သွင်းဂိုးလည်း ၄၃ ဂိုး ရှိတာ ကြောင့် လာမယ့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်ပါဦးမယ်။

.............

အိုက်စလန်

အုပ်စု (ဈ) မှာ အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲအောင် ခဲ့တာဖြစ်ပြီး အရင်က တစ်ကြိမ်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ဖူးတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ကိုဆိုဗိုကို နှစ်ဂိုးပြတ် နိုင်အပြီး ခြေစစ်ပွဲ တိုက်ရိုက်အောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှား၊ ယူကရိန်းနဲ့ တူရကီ တို့လို အသင်းတွေ ပါဝင်တဲ့ အုပ်စုမှာ အုပ်စုဗိုလ်ဖြစ်ခဲ့ တာကြောင့် ချီးကျူးရမှာ ဖြစ်သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်တဲ့ အသေးငယ်ဆုံး နိုင်ငံအဖြစ်လည်း စံချိန် တင်နိုင်ခဲ့ ပါတယ်။

.......

ပိုလန်

အုပ်စု (င) မှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး နောက်ဆုံးကစား ခွင့်ရခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက  ၂ဝဝ၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ် ပါတယ်။ အအောင်မြင် ဆုံးက ၁၉၇၄ နဲ့ ၁၉၈၂  ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ တတိယနေရာ ရခဲ့ခြင်းပါ။ မွန်တီနီ ဂရိုးကို ၄ ဂိုး-၂ ဂိုးနဲ့နိုင်တဲ့ ပွဲအပြီး ခြေစစ်ပွဲ အောင်ခဲ့တာဖြစ်ပြီး ခြေစစ်ပွဲတစ်လျှောက် တိုက်စစ်မှူး လီဝန် ဒေါစကီး က ၁၆ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

ပေါ်တူဂီ

အုပ်စု (ခ)မှာ အုပ်စုဗိုလ် ဖြစ်ခဲ့ပါတယ်။  ၂ဝ၁၄ ကမ္ဘာ့ဖလားပွဲမှာလည်း ခြေစစ်ပွဲအောင်ခဲ့ပြီး အကောင်း ဆုံး   စွမ်းဆောင် ရည်က  ၁၉၆၆ ကမ္ဘာ့ဖလားမှာ တတိယနေရာ ရခဲ့ခြင်းပါ။ဆွစ်ဇာလန်ကို နောက်ဆုံး ကစားတဲ့ပွဲမှာ နှစ်ဂိုး ပြတ်နဲ့ အနိုင်ရတာကြောင့် ဂိုး ကွာခြားချက်အသာနဲ့ အုပ်စုဗိုလ်နေရာ ရခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီက ဆွစ်ဇာလန် ထက် ၁၂ ဂိုး ပိုသွင်းနိုင်ခဲ့လို့ ဆွစ်ဇာလန်က ပလေးအော့ဖ် ကစားခွင့်သာ ရခဲ့ပါတယ်။

ဆားဘီးယား

ဆားဘီးယားက အုပ်စု (ဃ) မှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး နောက်ဆုံး ကစားတဲ့ ကမ္ဘာ့ဖလားပွဲက ၂ဝ၁ဝ ကမ္ဘာ့ဖလား ပွဲဖြစ် ပါတယ်။ အမြင့်ဆုံးအောင်မြင်မှုက ၁၉၃ဝ နဲ့ ၁၉၆၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ တတိယ နေရာရခဲ့ခြင်း ဖြစ်ပါတယ်။ ဝေးလ်နဲ့ သြစတြီးယားတို့ ပါဝင်တဲ့အုပ်စုမှာ အကြိတ်အနယ် ကစားခဲ့ရပြီး နောက်ဆုံးပွဲရောက်မှ ဂျော်ဂျီယာကို ပရီဂျိုဗစ်ရဲ့ သွင်းဂိုးကြောင့် အနိုင်ရ လိုက်တဲ့အတွက် ခြေစစ်ပွဲ အောင်ခဲ့ တာဖြစ်ပါတယ်။

စပိန်

အုပ်စု (ဆ) မှာ အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ၂ဝ၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲကို နောက်ဆုံးကစားခဲ့ပါတယ်။ အောင်မြင် မှုက  ၂ဝ၁ဝ ကမ္ဘာ့ဖလားပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ခြင်းပါ။  ပြီးခဲ့တဲ့လက အီတလီကို မက်ဒရစ်မှာ သုံးဂိုးပြတ်အနိုင် ရလိုက် တာကြောင့် စပိန်က ခြေစစ်ပွဲ အောင်သွားပြီး  စပိန်က ခြေစစ်ပွဲ ၁ဝ ပွဲစလုံး မရှုံးပါဘူး။

ဥရောပဇုန်အတွက် နောက်ထပ်လေးနေရာ

အကောင်းဆုံးအုပ်စု ဒုတိယရ အသင်းပေါင်း ရှစ်သင်းက ပလေးအော့ဖ် ခြေစစ်ပွဲ ကစားရမှာပါ။ ဖီဖာအဆင့် သတ်မှတ်ချက်အရ လေးသင်းက ဆီဒင်အဆင့်သတ် မှတ်ခံရမှာဖြစ်ပြီး သတ်မှတ်မခံရတဲ့ လေးသင်းနဲ့ မဲခွဲလို့  နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၄ ရက်တွေမှာ ကစားရပါမယ်။ မဲခွဲပွဲကို နောက်တစ်ပတ် အင်္ဂါနေ့မှာကျင်းပမှာဖြစ်ပြီး ပလေးအော့ဖ် ကစားရမယ့် အသင်းရှစ်သင်းက ခရိုအေးရှား၊ ဒိန်းမတ်၊ ဂရိ၊ အီတလီ၊ မြောက်အိုင်ယာလန်၊ အိုင်ယာ လန်၊ ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ဖြစ်ပါတယ်။

တောင်အမေရိကဇုန်

ဘရာဇီး

ဘရာဇီးက တောင်အမေရိကဇုန်မှာ အုပ်စုဗိုလ်အဖြစ် နဲ့ ခြေစစ်ပွဲအောင်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၄ ကမ္ဘာ့ဖလား ပွဲကို နောက်ဆုံးကစားခဲ့ပြီး အောင်မြင်မှုက  ၁၉၅ဝ၊ ၁၉၆၂၊ ၁၉၇ဝ၊ ၁၉၉၄ နဲ့ ၂ဝဝ၂ ကမ္ဘာ့ဖလားပွဲတွေမှာ  ငါးကြိမ် ဗိုလ်စွဲထားခြင်းပါ။ ဘရာဇီးဆိုတဲ့အတိုင်း ဗိုလ် စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ၂ဝ၁၈ ကမ္ဘာ့ဖလား ပွဲမှာ ခြေစွာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဥရုဂွေး

တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ ဒုတိယနေရာရပြီး ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ၂ဝ၁၄ ကမ္ဘာ့ဖလားပွဲမှာလည်း ပါဝင်ခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုကတော့ ၁၉၃ဝ နဲ့ ၁၉၅ဝ ကမ္ဘာ့ဖလား ပွဲတွေမှာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။ ဘိုလီဗီး ယားနဲ့ အောက်တိုဘာ ၁၁ ရက်နံနက်မှာကစား တဲ့ပွဲမှာ  ဆွာရက် နှစ်ဂိုးသွင်းပြီး  ၄ ဂိုး-၂ ဂိုးနဲ့နိုင် လိုက်လို့  ကမ္ဘာ့ဖလား ပြိုင်ပွဲ နောက်ဆုံးသုံးကြိမ်ဆက် ခြေစစ်ပွဲ အောင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးထက်တော့ ၁ဝ မှတ် နည်းပြီး ခြေစစ်ပွဲအောင် ခဲ့တာပါ။ ၂ဝ၁၈ ကမ္ဘာ့ ဖလားပွဲမှာ ဖျက်မြင်းအသင်း ဖြစ်လာနိုင်ပါတယ်။

အာဂျင်တီးနား

တတိယနေရာကို နောက်ဆုံးကစားတဲ့ အီကွေဒေါ နဲ့ပွဲပြီးမှ သေချာ ရသွားနိုင်ခဲ့တာပါ။ မက်ဆီ ဟက်ထရစ် သွင်းပြီး ၃ဂိုး-၁ ဂိုးနဲ့နိုင်ခဲ့လို့ အဆင့် (၆) နေရာကနေ အဆင့် (၃) နေရာတက်လှမ်းပြီး ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၆ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပွဲနှစ်ရပ်မှာ ဗိုလ်စွဲခဲ့တဲ့ အသင်းကြီးဖြစ်ပြီး မက်ဆီ အပါအဝင် ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ များစွာရှိနေလို့ ဗိုလ်စွဲဖို့ ရေပန်းစားမယ့် အသင်းဖြစ်ပါတယ်။

ကိုလံဘီယာ

နောက်ဆုံးတိုက်ရိုက် ခြေစစ်ပွဲအောင်ခွင့် အဆင့် (၄)နေရာကို ရခဲ့တဲ့အသင်းပါ။ ၂ဝ၁၄ ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ရခဲ့သလို အဲဒီတုန်းက အမြင့်ဆုံး အောင်မြင်မှုအဖြစ် ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။ ခြေစစ်ပွဲ ၁၈ ပွဲမှာ ကိုလံ ဘီယာက ခုနစ်ပွဲသာနိုင်ပြီး ငါးပွဲရှုံးခဲ့ပါတယ်။  နောက်ဆုံးခြေစစ်ပွဲမှာ  ပီရူးနဲ့ တစ်ဂိုးစီ သရေကျခဲ့လို့  ပီရူးကလည်း ပလေး အော့ဖ် ကစားခွင့်ရတဲ့ အဆင့် (၅) နေရာရသွားပါတယ်။  ပီရူးက  သမုဒ္ဒရာပိုင်းဇုန်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ နယူးဇီလန်နဲ့ နိုဝင်ဘာ ၆ ရက်နဲ့ ၁၄ ရက်တွေမှာ ပလေးအော့ဖ်နှစ်ကျော့ ကစားရမှာပါ။

တခြား ခြေစစ်ပွဲအောင် အသင်းများ

အာရှဇုန်

-အီရန်၊ ဆော်ဒီ၊ ဂျပန်၊ တောင်ကိုရီးယား။

သြစတြေးလျမှာ အာရှဇုန် ပလေးအော့ဖ်ပွဲတွင်  ဆီးရီးယားကို နှစ်ကျော့ပေါင်း ၃ဂိုး- ၂ဂိုးဖြင့် အနိုင်ရပြီး ကွန်ကာ ကပ်ဖ်ဇုန်မှ အဆင့် (၄) နေရာ ရခဲ့သော ဟွန်ဒူးရပ်စ်နှင့် ပလေးအော့ဖ်ပွဲ ကစားရမည်ဖြစ်။

ကွန်ကာ ကပ်ဖ်ဇုန်

ကော်စတာရီကာ၊ မက္ကဆီကိုနှင့် ပနားမားတို့ တိုက်ရိုက်ခြေစစ်ပွဲ အောင်ခဲ့။

အာဖရိကဇုန်

အီဂျစ်နှင့် နိုင်ဂျီးရီးယားတို့ ခြေစစ်ပွဲ အောင်ထားပြီး နောက်လတွင် နောက်ဆုံး လက်ကျန် ခြေစစ်ပွဲကို ကစားရ မည်ဖြစ်ကာ နောက်ထပ် ခြေစစ်ပွဲအောင် သုံးသင်း ထပ်ထွက်ပေါ် လာမည်။

Read 102 times Last modified on Thursday, 12 October 2017 12:17