SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံး ပွဲစဉ်များ ဆက်လက် ကျင်းပ

Friday, 13 October 2017 08:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၂

မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစား ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိပြီး ၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေး ဘောလုံးကွင်းများ၌ကျင်းပသည်။

ကွင်းအမှတ်(၁)၌ နေပြည်တော် ကောင်စီ နယ်မြေအသင်းနှင့် ယှဉ်ပြိုင် ကစားကြပြီး တစ်ဖက် တစ်ဂိုးစီသရေ ရလဒ်ဖြင့် လည်းကောင်း၊ ကွင်းအမှတ်(၃)၌  ရှမ်းပြည်နယ် အသင်းနှင့် မွန်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင် ကစား ကြရာ မွန်ပြည်နယ် အသင်းမှ ၇ ဂိုး-၁ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ သွားသည်။

ဆက်လက်၍ ညနေ ၃ နာရီခွဲတွင်ကွင်း အမှတ်(၃)တွင် ဧရာဝတီတိုင်း ဒေသကြီး အသင်းနှင့် ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီး အသင်းမှ  ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင် ရရှိသွားသည်။

အဆိုပါ ၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၁၈နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၁၄ရက် နံနက် ၇နာရီခွဲနှင့် ညနေ ၃နာရီခွဲတို့တွင် ကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ လေ့ကျင်ရေး ဘောလုံးကွင်း အမှတ်(၁)နှင့် (၃)တို့၌ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပါသဖြင့် ဘောလုံး အားကစား နည်းကို စိတ်ပါ ဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ကြောင်း သိရ သည်။

မောင်မောင်စိုး

Read 57 times Last modified on Friday, 13 October 2017 08:55