SJ WorldNews - шаблон joomla Авто

KBZ Bank Women's League တွင် ထိပ်ဆုံးမှ မြဝတီအသင်း ဂိုးပြတ်အနိုင်ရ

Friday, 20 October 2017 08:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှူး၍ KBZ Bank ၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့် ၂ဝ၁၆-၂ဝ၁၇ ရာသီ KBZ  Bank  Women's  League ပြိုင်ပွဲ ပွဲစဉ်(၁၂)နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းတွင် ပဒုမ္မာကွင်း၌ ကျင်းပရာ မြဝတီ အသင်းက  ဂန္ဓမာအသင်းကို ၁၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

အဆိုပါပွဲစဉ်တွင် မြဝတီအသင်းသည်  ခြေစွမ်းအသာဖြင့် ကစားကာ ပထမပိုင်းတွင် ခုနစ်ဂိုး၊ ဒုတိယပိုင်းတွင် ခုနစ်ဂိုးသွင်း ယူခဲ့သည်။ မြဝတီအသင်းအတွက်အနိုင်ဂိုးများကို လက်ရွေးစင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ရှစ်ဂိုး၊ ရူပါခိုင်က ငါးဂိုး၊ မေစံပယ်ဖူးက တစ်ဂိုး သွင်းယူခဲ့သည်။

ပွဲစဉ်(၁၂) အပြီးတွင် မြဝတီ အသင်းက ၁ဝ ပွဲကစား ၂၈ မှတ်၊ သစ္စာအားမာန် အသင်းက ၁ဝ ပွဲကစား ၂၄ မှတ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းက ၁၁  ပွဲကစား ၂၃ မှတ်၊ အားကစားနှင့် ကာယပညာ သိပ္ပံအသင်း က ၁ဝ ပွဲကစား ၁၁မှတ်၊ ဂန္ဓမာအသင်းက ၁ဝ ပွဲကစား ၁ဝ မှတ်၊ ဇွဲကပင်အသင်းက ၁၁ ပွဲကစား ငါးမှတ်နှင့်  YREO အသင်းက ၁ဝ ပွဲကစား တစ်မှတ် ရရှိထားသည်။                   

 

Read 48 times Last modified on Friday, 20 October 2017 08:38