SJ WorldNews - шаблон joomla Авто

ရန်ကုန်အသင်း အဝေးကွင်း၌ ဂိုးမရှိ သရေကစားပြီး ဗိုလ်လုပွဲသို့ တက်ရောက်

Friday, 20 October 2017 08:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   အောက်တိုဘာ   ၁၉

၂ဝ၁၇ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ (ဒုတိယနေ့)ကို ယနေ့ ညနေပိုင်းတွင် မန္တလာ သီရိကွင်း၌ကျင်းပရာ  ရတနာပုံအသင်းနှင့် ရန်ကုန်အသင်း ဂိုးမရှိသရေကျခဲ့သည်။

ရန်ကုန်အသင်းသည် အဝေးကွင်း၌ ဂိုးမရှိသရေကစားပြီး နှစ်ကျော့ပေါင်းရလဒ် ၁ဂိုး- ဂိုးမရှိဖြင့် ရတနာပုံ အသင်းကို အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။ အိမ်ကွင်း၌ အနိုင်ရထားသော ရန်ကုန်အသင်းသည် အဝေးကွင်း၌ သရေရရှိရေး အဓိက ထားကစားခဲ့ပြီး ခံစစ်ကစားပုံ ပီပြင်မှုကြောင့် ရတနာပုံ အသင်း ဂိုးမသွင်း နိုင်ဘဲ နိုင်ပွဲ ပျောက်ခဲ့ရခြင်းဖြစ်သည်။

ရတနာပုံအသင်းတွင် ဒဏ်ရာရနေသည့် သိန်းသန်းဝင်းနှင့် ပြည့်စုံချစ်(ဂိုး)တို့ ပါဝင် လာခြင်းမရှိဘဲ အောင်သူ၊ စည်သူအောင်၊ ဝီလျံ၊ ပက်ထရစ်၊ မျိုးကိုထွန်းတို့ကို အသုံးပြုခဲ့ပြီး ရန်ကုန် အသင်းတွင် ကျော်ကိုကို၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ ကျော်ဇင်ထက်၊ ဇော်မင်းထွန်း၊ ဆီဇာတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ရတနာပုံအသင်းက ပိုဖိ ကစား နိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ပိုရခဲ့သည်။ ပွဲအစ လေးမိနစ်တွင် အောင်သူ၏ ပြစ်ဒဏ်ဘော ကန်ချက် တိုင်ထိထွက်ခဲ့သလို ၂၆ မိနစ်တွင် ဝီလျံ၏ အနီးကပ်ခေါင်းတိုက်သွင်းယူမှုကို ရန်ကုန်အသင်းဂိုးသမား ကျော်ဇင် ထက် ကာကွယ်နိုင်ခဲ့သည်။

ရန်ကုန်အသင်းသည် ဂိုးမပေရရေး အဓိကထား ကစားခဲ့သော်လည်း ရတနာပုံ အသင်းဘက်သို့ ဂိုးပေါက်ခြိမ်း ခြောက် မှုများ ပြုလုပ် နိုင်ခဲ့ပြီး နှစ်သင်းစလုံး ဂိုးမသွင်း နိုင်၍ ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေသည်။

ဒုတိယပိုင်းတွင်ရတနာပုံအသင်းက အနိုင်ဂိုးရရှိရန် ရဲကိုဦး၊ ဝင်းနိုင်စိုးနှင့် ဝါရင့် ကစားသမား ရန်ပိုင်တို့ကိုထည့်ကာ တိုက်စစ် အားမြှင့်ခဲ့သော်လည်း ရန်ကုန်အသင်း ခံစစ်ပိုင်း အမှားအယွင်း မရှိခဲ့သောကြောင့် ရတနာပုံအသင်း ဂိုးရရန် ပိုမိုရုန်းကန် လာခဲ့ရသည်။

ပက်ထရစ်၏ ခေါင်းတိုက်ချက်ကို ရန်ကုန် ဂိုးသမား ကျော်ဇင်ထက်  ကာကွယ်နိုင်ခဲ့သလို နောက်ခံလူ ဝီလျံ၏ အပိုင် ပိတ်သွင်းယူမှုမှာလည်း  လွဲချော်ခဲ့၍ ရတနာပုံအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။

ဗိုလ်လုပွဲအဖြစ် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန် အသင်းတို့ အောက်တိုဘာ ၂၅ ရက်တွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစား မည်ဖြစ်သည်။

Read 51 times Last modified on Friday, 20 October 2017 08:48