SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ် အေးချမ်း၍ နေရပ်များသို့ ဆက်လက် ပြောင်းရွှေ့

Friday, 20 October 2017 10:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအနက် မြောက်ဦး မြို့နယ်၊ လောကမာန်အောင်ဘုရား ဓမ္မာရုံနှင့်  တိမ်ညိုရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့်  ဒေသခံတိုင်းရင်းသား ပြည်သူများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်မှုကြောင့် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိလာသည့် အတွက် ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည် ထွက်ခွာမည်ဖြစ်သဖြင့် အောက်တိုဘာ ၁၈ ရက်နှင့် ယနေ့တို့တွင် မြောက်ဦးတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး လိုအပ်သည်များ ကူညီဆောင် ရွက်ပေးသည်။

အဆိုပါနေရပ်စွန့်ခွာ တိမ်းရှောင်နေသည့် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာ၊ ဝေသာလီကျေးရွာ၊ ရွာသာယာကျေးရွာ၊ မင်းကြီးကျေးရွာ၊ မင်္ဂလာညွန့်ကျေးရွာ၊ သင်္ဘောလှကျေးရွာ၊ ရေနောက်ငါးသား ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ အောင်ဇေယျကျေးရွာ၊ ခထီးလှကျေးရွာ၊ ပေါက်တောကျေးရွာ၊ ဇီးဒုံ ကျေးရွာ၊ တောင်ကြီးရင်းကျေးရွာ တို့မှ အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၂၆ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လုံခြုံရေး လိုက်ပါလျက် တပ်မတော်မှ မော်တော်ယာဉ် ငါးစီးဖြင့် ပြန်လည်ပို့ဆောင် ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။    

Read 46 times Last modified on Friday, 20 October 2017 10:16