SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)အတွက် အလှူရှင်များက ငွေကျပ်သိန်းပေါင်း ၁၇၇ဝဝဝ လှူဒါန်း

Saturday, 21 October 2017 09:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)အတွက် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပရာ ရခိုင်ပြည် နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD)ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက် အမှာစကား ပြောကြားသည်။

 

UEHRDကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မည်သည့်အလုပ်မျိုးလုပ်လုပ် နိုင်ငံတစ် နိုင်ငံတွင် ကိုယ့်အချင်းချင်း စည်းစည်းလုံးလုံးလုပ်ပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ပြည် တွင်း အင်အားကို ယှဉ်နိုင်သည့် ပြည်ပအင်အားဆိုတာ ဘာမှမရှိဘူး ဟု ယုံကြည်ကြောင်း။

 

ပြည်ထောင်စု အကျိုးအတွက် ဝိုင်းဝန်းပံ့ပိုးချင်သည့် စိတ်ရှိခြင်းအတွက် ဝမ်းသာကြောင်း၊ စီးပွားရေး လုပ်ငန်း ရှင်များက အခမ်းအနားမစခင်တွင် တင်ပြထားတာ အချို့ရှိသည်ဟု နားလည်ကြောင်း၊ တင်ပြထားသည် များကို မိမိအနေဖြင့် စိတ်လည်းဝင်စားကြောင်း၊ ကောင်းလည်း ကောင်း သည်ဟုထင်ကြောင်း၊ ဥပမာ ရခိုင်ပြည်နယ် ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များရှိကြောင်း၊ ယင်းမှာ အလွန်ကောင်း သည့် အကြံပြုချက်ဖြစ်ကြောင်း၊ အသေးစိတ်ကို မိမိတို့ဆွေးနွေးပြီး အစီအစဉ်ချ ရမည်ဖြစ် ကြောင်း။

 

မြန်မြန်ဆန်ဆန် တိုးတက်မှုရရန် လိုအပ်ကြောင်း၊ စိတ်တက်ကြွစွာ လုပ်စေချင်ကြောင်း၊နောက်တစ်ခုက မိမိတို့နိုင်ငံ၏ ကိစ္စကို အားလုံး ဝိုင်းလုပ်နိုင်သည် ဆိုသည်ကို သိစေချင်ကြောင်း၊မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ မချမ်းသာသော်လည်း တခြားအင်အားများရှိသည်ကို ရှင်းရှင်းလင်းလင်း ပြနိုင်မည်ဖြစ်ကြောင်း ပြော ကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့ အကူအညီ တောင်းသည်မှာ ငွေရေးကြေးရေးအရ ရုပ်ပိုင်းဆိုင်ရာ အကူအညီထက် စိတ်ပိုင်းဆိုင်ရာ အကြံဥာဏ်၊ စေတနာ၊ဥာဏ်ပညာနှင့် နောင်အနာဂတ်ကို မှန်းဆပြီး အရည်အချင်းများနှင့် လုပ်တာပဲ ဖြစ်စေ ချင်ကြောင်း၊ ပူးပေါင်းပြီး ဆောင်ရွက် စေချင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူ၊ အစိုးရနှင့် ချမ်းသာသည့် လုပ်ငန်းရှင်ကြီးများ ကြားတွင် ရှိသင့်သလောက် စည်းလုံး ညီညွတ်မှု မရှိခဲ့ကြောင်း၊စည်းလုံး ညီညွတ်မှုကိုလည်း ဖြစ်စေချင်ကြောင်း၊ အင်အားသုံးခုကို စုစည်းပြီး ရခိုင်ပြည် နယ်အတွက် ပြည်ထောင်စု စီမံကိန်း အောင်အောင်မြင်မြင် လုပ်ခြင်းအားဖြင့် အနာဂတ် ပြည်ထောင်စုအတွက် ခိုင်မာသည့် အုတ်မြစ်ချသော လုပ်ငန်းဟု ယူဆကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမ အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)အတွက် ကမ္ဘောဇ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကျပ်သိန်း၃ဝဝဝဝ၊ Mandalay Business Capital CityDevelopment (MBCCD)နှင့် စေပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်ဝိတ်က ကျပ်သိန်း၁၅ဝဝဝ၊ အေဒင်အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ကျပ်သိန်း ၁ဝဝဝဝ (ကျပ်သိန်း၅ဝဝဝနှင့် ကျပ်သိန်း ၅ဝဝဝ တန်ဖိုးရှိ လယ်ယာသုံးပစ္စည်းများ)၊ အေးရှားဝေါလ် ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းမြင့်နိုင်က ကျပ်သိန်း ၁ဝဝဝဝ၊ ယုဇန ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဌေးမြင့်က ကျပ်သိန်း ၁ဝဝဝဝ၊ ဇေကမ္ဘာကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာဦးခင်ရွှေက ကျပ်သိန်း ၁ဝဝဝဝ၊ တော်ဝင်မိသားစု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကိုကိုထွေးက ကျပ်သိန်း ၁ဝဝဝဝ၊ IBTC မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော်က ကျပ်သိန်း၁ဝဝဝဝ (IBTCကုမ္ပဏီက ကျပ်သိန်း ၅ဝဝဝ နှင့်ဦးအောင်မိုးကျော်မိသားစုက ကျပ်သိန်း၅ဝဝဝ)၊ ရွှေသံလွင်ထရေးဒင်း ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ကျပ်သိန်း ၁ဝဝဝဝ၊ မက်စ်အုပ်စုကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာဦးဇော်ဇော်က ကျပ်သိန်း ၁ဝဝဝဝ၊ ယူနိုက်တက် အမရဘဏ် ဥက္ကဋ္ဌ ဦးနေအောင်က ကျပ်သိန်း၁ဝဝဝဝ၊ သမဝါယမဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပ်သိန်း ၅ဝဝဝ၊အောင်မြင်သူ ကုမ္ပဏီများအုပ်စု အုပ်ချုပ်မှု ဒါရိုက်တာ ဦးလှမျိုးက သိန်း ၄ဝဝဝ တန်ဖိုးရှိ ဘိလပ်မြေ အိတ်များနှင့် Auspicious MillenniumTrading Co.,Ltd. ဥက္ကဋ္ဌ ဦးစောငြိမ်းက ကျပ်သိန်း ၃ဝဝဝ၊ Alpineကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာစိုင်းဆမ်ထွန်းက ကျပ်သိန်း ၃ဝဝဝ၊ ဦးဇေသီဟ- ဒေါ်နန္ဒာလှိုင် မိသားစုက ကျပ်သိန်း ၃ဝဝဝ၊ ဦးတိုးနိုင်မန်း-ဒေါ်ဇေဇင်လတ် မိသားစုက ကျပ်သိန်း ၃ဝဝဝ၊ Yangon Crown Co.,Ltd .က ကျပ်သိန်း၃ဝဝဝ၊ ဧရာဝတီ တောင်သူ လယ်သမား များဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်က ကျပ်သိန်း ၃ဝဝဝ၊ ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ကျပ်သိန်း၂ဝဝဝ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)က ကျပ်သိန်း ၁ဝဝဝ၊ ရွှေတောင် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဇော်နိုင်က ကျပ်သိန်း၁ဝဝဝ၊ Myanmar Agri Business in PublicCorporation မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က ကျပ်သိန်း ၅ဝဝ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းက ကျပ်သိန်း ၅ဝဝနှင့် ထူးကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးတေဇကကျပ်သိန်း ၁ဝဝဝဝ တို့ကို ပေးအပ် လှူဒါန်းရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယ ဝန်ကြီး များ၊ အလှူငွေ လှူဒါန်းကြသည့် စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)အတွက် အလှူရှင်များက ငွေကျပ်သိန်းပေါင်း ၁၇၇ဝဝဝ ကို လှူဒါန်းခဲ့ကြသည်။

 

အလှူငွေ ပေးအပ်ပွဲသို့ ပြည်ထောင်စု ဝန်ကြီးဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ဦးခင်မောင်တင်၊ UEHRDမှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ UEHRDမှ သတင်းနှင့် ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်၊ တာဝန်ရှိသူများနှင့် အလှူရှင် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ကြသည်။ ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း Union Enterprise for Humanitarian Assistance,Resettlement and Development in Rakhine - UEHRD )အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းနိုင်ရေးအတွက် နေပြည်တော် မြန်မာ့စီးပွား ရေးဘဏ် ငွေစာရင်းအမှတ် EDU600002 (US$ Account: Myanma EconomicBank, Bank Branch: Naypyitaw, AccountNumber: EDU 600002)နှင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် ငွေစာရင်း အမှတ် CF-003434 (Myanmar Kyat Account:Myanma Economic Bank, Bank Branch:Naypyitaw, Account Number: CF-003434)တို့ ဖွင့်လှစ်ထားသည်။

 

၎င်းအပြင် အများပြည်သူများ အလွယ်တကူ ဆက်သွယ် လှူဒါန်းနိုင်ရန် အတွက် ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် နှင့် CBဘဏ် တို့တွင် လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ငွေစာရင်း အမှတ်များကို ဆက်လက် ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

Read 47 times Last modified on Saturday, 21 October 2017 09:58